27 June 2026
Thirteenth Week in Ordinary Time
Matthew 16: 13 - 19
Reflection by Little Way Sisters of St. Theresa (LWST)
Posted by Sr. Maria Ni Ni, MSP
ဒီကနေ့ဧဝံဂေလိကျမ်းစာထဲမှာ ဘုရားရဲ့နောက်လိုက်တပည့်တော်တွေ၊ ဘုရား ရဲ့အမှုတော်ဆောင်တွေကို ကြိုဆိုလက်ခံတဲ့သူတိုင်းဟာ အလဟသမဖြစ်ဘဲ ဘုရား သခင်ရဲ့ကောင်းချီးမင်္ဂလာဆုလာဘ်တွေကို မလွဲဧကန် ပြန်လည်ခံစားရရှိမှာဖြစ် ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ နောက်ပြီး သခင်ခရစ်တော်က သူ့ရဲ့ နောက်လိုက်တပည့်တော်တွေကို ရေတစ်ခွက်တိုက်တဲ့သူ ဘယ်သူမဆို ဆုလာဘ်တွေ မရရှိဘဲ မနေရဘူးဆိုပြီး ဖော်ပြထားတာကိုလဲ တွေ့ရပါတယ်။ အသင်းတော်ရဲ့ ကျင့်ဝတ်တော် (၆) ပါးထဲမှာလဲ အမှုတော်ဆောင်တွေကို ကူညီပေးဖို့၊ တတ်နိုင်သမျှ ထောက်ပံ့ကူညီခြင်းဖြင့် ဘုရားရဲ့ သာသနာတော်တိုးတက်အောင် ဆောင်ရွက်ရင်း ဘုရားသခင်ပြန်လည်ပေးသနားမယ့် ဆုကျေးဇူးတော်များကို အတူတကွ ခံယူကြပါစို့။