11 March 2026 Wednesday
Third Week of Lent
Luke 11: 14 - 23
Reflection by Fr. Nicholas Kyaw Lin Tun, OSM
Posted by Sr. Maria Ni Ni, MSP
ဤယနေ့ခရစ်တော်သခင်သည်အသက်ပေးသောနုတ်တော်ထွက်စကားမှတစ်ဆင့်ဘုရားရှင်အပေါ် အကြွင်းမဲ့ ယုံကြည်ခြင်းရှိဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းနေပါသည်၊၊ သခင်ခရစ်တော်က နတ်ဆိုးခေါင်းဆောင် ဘဲလ်ဇေဘုလ်၏ အကူအညီဖြင့်နတ်ဆိုးကို နှင်ထုတ်သည်ဟု လူတွေကကိုယ်တော်ကို စွပ်စွဲကြပါသည်။ ဧကန်မှာ နတ်ဆိုးက နတ်ဆိုးကို မနှင်ထုတ်။ နတ်ဆိုးထက်ပိုကြီးမြတ်သော သူသာလျှင်နတ်ဆိုးကို နှင်ထုတ်နိုင်သည်။ သို့သော် လူအစုအဝေးများသည် မျက်စိရှိလျက်နှင့်ပင် မမြင်နိုင်ကြဘဲ ကိုယ်တော်ရှင်အားစွပ်စွဲ ပြစ်တင်ခဲ့ကြသည်၊၊ထိုကဲ့သို့ပင် ကျွန်ုပ်တို့၏အသက်တာခရီးလမ်းတွင်လည်း တစ်ခါတစ်ရံ ဘုရားသခင်၏ကောင်းမြတ်တော်မူ ခြင်းကို သတိမပြုမိဘဲလမ်းလွှဲသွားပြီးနတ်ဆိုး၏ အမှောင်ထု၌ ပျော်မွေ့နေတတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့် အတူရှိတော်မူသော ဘုရားရှင်အပေါ် အကြွင်းမဲ့ယုံကြည်ခြင်းရှိပြီး နတ်ဆိုး၏ ဆွဲဆောင်မှုများကို ကျော်လွှားသွားနိုင်ရန် လိုအပ်သော ခွန်အားကျေးဇူးတော်များ တောင်းလျှောက်ကြပါစို့။