Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-03-09 04:22:18

10 March 2026 Tuesday

Third Week of Lent

Matthew 18: 21 - 35

Reflection by Fr. Nicholas Kyaw Lin Tun, OSM

Posted by Sr. Maria Ni Ni, MSP

“သနားစုံမက်တတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်သနားစုံမက်ခြင်းကိုခံရကြလတ္တံ” (ရှင်မဿဲ ၅း၇) သခင်ခရစ်တော်မိန့်ဆိုထားသည်ကား “သင်တို့သည်သူတပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူ။” (ရှင်မဿဲ ၆း၁၅) အပြစ်သားများဖြစ်ကြသော ကျွန်ုပ်တို့သည် နေ့စဉ်ဘဝအသက်တာတွင် ကျွန်ုပ်တို့ကိုထိခိုက်ကျူးလွန်သော သူတို့ကိုခွင့်လွှတ်ဖို့ရန် လွန်စွာခက်ခဲ၍ မိမိတို့မာန’၏ ကြိုးဆွဲရာရုပ်သေးရုပ်များဖြစ်ကြသည်မှာ ကျွန်ုပ်တို့ ငြင်းဆန်၍ မရသော အရာတစ်ခုဖြစ်ရှိနေသည်ကို လက်ခံကြရပါသည်။ သို့သော် မိမိတို့ကိုထိခိုက်ကျူးလွန်သူတို့အား စိတ်နှလုံးအကြွင်းမဲ့ ခွင့်လွှတ်ခြင်းဖြင့်သာ ကောင်းကင်ဘုံ၌ စံပယ်တော်မူသော အဖဘုရားသည် ကျွန်ုပ်တို့၏ အပြစ်အနာများကို ခွင့်လွှတ်တော်မူလိမ့်မည်။ ထို့ကြောင့် တစ်ပါးသူ မိမိအား ပြစ်မှားမိခဲ့သော အပြစ်များကိုခွင့်လွှတ်ရင်း ဘုရားရှင်ထံမှ မိမိ၏ အပြစ်အနာဆာများအတွက် ခွင့်လွှတ်ခြင်း ရရှိရန် ကြိုးစားကြပါစို့။

Daily Reflection