February 4th 2026 Wednesday.
Fourth Week of Ordinnary time.
Mark 6: 1-6
Reflection by Sr.Elizabeth Chit Pon (SJA)
"သခင်ဘုရားသည်ကျွန်ုပ်တို့အားကောင်းချီးများစွာပေးလိုသည်။ကျွန်ုပ်တို့ခေတ်တွင်တန်ခိုးကြီးသောအမှုများစွာကိုကိုယ်တော်ပြုလုပ်လိုသော်လည်း၊ယေရှု၏အိမ်နီးချင်းများကဲ့သို့ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏စိတ်နှလုံးများကိုကိုယ်တော်ထံမကြာခဏပိတ်လေ့ရှိသည်။ကိုယ်တော်၌ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုမြှင့်တင်ရန်သခင်ဘုရားထံတောင်းလျှောက်ကြပါစို့။သခင်ယေရှုနှင့်ပတ်သက်သေကျွန်ုပ်တို့၏အယူအဆဟောင်းကိုစွန့်လွှတ်ပြီးကိုယ်တော်ကိုကျွန်ုပ်တို့အားအသစ်တဖန်ဖော်ပြရန်ကိုယ်တော်အားတောင်းဆိုရန်လိုအပ်ပေမည်။ငါတို့၏ယုံကြည်ခြင်းကြောင့်သခင်ဘုရားနှစ်သက်တော်မူသောသူတို့တွင်ငါတို့သည်ရှိကြကုန်အံ့။ယေရှုကိုငါယုံသလား။ကျွန်ုပ်သည်ကိုယ်တော်ကိုယုံကြည်ကိုးစားပါသလော။"သခင်၊အကျွန်ုပ်သည်ယုံသော်လည်း မယုံကြည်သူအားကူညီတော်မူပါ။ကိုယ်တော်၌ကျွန်ုပ်၏ယုံကြည်ခြင်းကိုခိုင်ခံ့စေပါ။ကျွန်ုပ်အားပေးဆောင်ခဲ့သောဤအံ့သြဖွယ်သောယုံကြည်ခြင်းလက်ဆောင်အတွက်ကျေးဇူးတင်ပါသည်။အာမင်။