29 January 2026 Thursday
3rd Week in Ordinary Time
Mark 4: 21 - 25
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ယုံကြည်ခြင်းဆိုတာဖုံးကွယ်ထားရန်မဟုတ်ဘဲမျှဝေပေးရန်ဖြစ်ကြောင်းယေဇူးသခင်ကသွန်သင်ပေးနေပါတယ်။ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဂရုတစိုက်နားထောင်ပြီးတရားတော်အတိုင်းနေထိုင်သူများသည်ပို၍ကြီးမားသောကျေးဇူးတော်ကိုရရှိမှာဖြစ်ပြီး၊ ဘုရားသခင်သည်ရိုးသားပွင့်လင်းမှု၊ရက်ရောမှုနှင့်သစ္စာရှိစွာနာခံမှုတို့ကိုဆုချီးမြှင့်မှာဖြစ်ပြီး၊ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလျစ်လျူရှုခြင်းကလည်းဝိညာဉ်ရေးအသက်တာဆုံးရှုံးမှုကိုဦးတည်စေတယ်ဆိုတဲ့အကြောင်းဒီနေ့ကိုယ်တော်ကကျွန်ုပ်တို့အားခွန်အားပေးခြင်းနှင့်အတူသတိပေးနေခြင်းလည်းဖြစ်ပါတယ်။
အဓိကထောက်ရှုချက်အနေဖြင့်အလင်းကိုမျှဝေရမယ်-အလင်းဆိုတာကကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ကောင်းမှုပါရမီများကိုတစ်ပါးသူများအားအလင်းအဖြစ်ပေးရမှာပါ။
တနည်းအားဖြင့်ကျွန်ုပ်တို့သည်ဧဝံဂေလိတရားအတိုင်းအသက်ရှင်ပြီးသက်သေခံရန်ခေါ်ဆောင်ခံရခြင်းပဲဖြစ်ပါတယ်။ဒီအတွက်ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း၊ဝိညာဉ်ရေးအသက်တာ ရှင်သန်ကြီးထွားလာရန်ဘုရားသခင်ရဲ့တရားတော်နဲ့အညီလက်တွေ့လုပ်ဆောင်ကျင့်ကြံရမှာဖြစ်တယ်။ဒီလိုပဲဘုရားသခင်ရဲ့တရားတော်ကိုလျစ်လျူရှုသောအခါယုံကြည်ခြင်းအလင်း၊ပျောက်ကွယ်သွားပါလိမ့်မယ်။ကျွန်ုပ်တို့ရဲ့ယုံကြည်အလင်းကို ရှင်သန်ကြီးထွားလာအောင် လုပ်ဆောင်သူလား။သို့မဟုတ် ကွယ်ပျောက်သွားအောင် လုပ်ဆောင်သူလား။