Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-01-26 01:52:53
27 January 2026 Tuesday

Third Week in Ordinary Time

Mark 3:31 - 35

Reflection by Celeste, MSP

Posted By Sr. Maria Ni Ni, MSP

 

ယေဇူးခရစ်တော်က“မိသားစု”ဟူသောအဓိပ္ပါယ်ကိုဝိညာဉ်ရေးအသက်တာ/ဘုရားနှင့်ဆွေမျိုးတော်စပ်မှုအဆင့်သို့မြှင့်တင်‌ပေးလိုက်ခြင်းပါ။ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည်ကိုယ်‌တော့်ကိုတွေ့လို၍အပြင်၌ရပ်နေကြသည်ဟုလျှောက်ကြတဲ့အခါကိုယ်တော်ကဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူများသာ၊မိမိ၏စစ်မှန်သောမိသားစုဝင်များဖြစ်တယ်ဟုကြေညာပေးခြင်းကတနည်းအားဖြင့်ကိုယ်တော်ကမိမိနှင့်အတူအမွေစားအမွေခံများဖြစ်ကြောင်း‌အတိအလင်းဖော်ပြပေးခြင်းလည်းဖြစ်ပါတယ်။ဒီအချက်က အသွေးအသားတော်စပ်မှုထက် ဘုရားကို ယုံကြည်မှု၊နာခံမှု၊ချစ်ခြငိးမေတ္တာဖြင့်လိုက်နာဆောင်ရွက်ခြင်းကသာအဓိကဖြစ်ခြင်းကိုသွန်သင်ပေးနခြင်းပါပဲ။အဓိကအချက်ဖြစ်သောယေဇူး၏မိသားစုဝင်အဖြစ်အဓိပ္ပါယ်အသစ်မှာ“ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်‌သောသူဟူသမျှသည်ငါ၏အမိ၊ငါ၏ညီအစ်ကို၊ငါ၏နှမ ဖြစ်သည်”ဟုယေဇူးကကျွန်ုပ်တို့ကိုကိုယ်တော်နှင့်ဆွေမျိုးတော်စပ်နိုင်မှုကိုအတိအလင်းဖိတ်ခေ်နေတာပါ။ဒီအတွက်သွေးသားတော်စပ်မှုထက်ဝိညာဉ်ရေးအသက်တာဖြင့်ရှင်သန်‌နေထိုင်သောသူကိုပို၍ဘုရားရှင်နှစ်သက်တော်မူကြောင်းတွေ့ရပါတယ်။ဘုရား၏ မိသားစုဝင်အဖြစ်ဖော်ပြပေးခြင်းကဘုရားသခင်၏အလိုတော်ကိုနာခံဆောင်ရွက်ပြီး၊လက်တွေ့ကျင့်ကြံသောသူများကို ယေဇူးကိုယ်တော်ကသူနှင့်ဆွေမျိုးတော်စပ်သူဖြစ်‌ကြောင်းဖော်ပြလိုက်တာပါ။ဒီအတွက်ယုံကြည်မှုဆိုတာစကားလုံးဖြင့်သာမကဘဲ လက်တွေ့ကျင့်ကြံသောလုပ်ရပ်ဖြစ်ကြောင်းမီးမောင်းထိုးပြနေ ခြင်းပါ။ဘုရားသခင်၏အလိုတော်အတိုင်း ယုံကြည်၊လိုက်နာ၊ ဆောင်ရွက်သောသူတိုင်းယေဇူး၏မိသားစုဝင်အဖြစ်ပါ ဝင်နိုင် သောအခွင့်အ ရေးရှိတယ်ဆိုတာကို ကျွန်ုပ်တို့၊ တစ်ဦးစီအား ကိုယ်တာ်က သူ၏မိသားစုဝင်အဖြစ်ပါဝင်နိုင်သောသူ များဖြစ်ရန်ဖိတ်ခေါ်နေတယ်နော်။

 

 

Daily Reflection