22 January 2026
Second Week in Ordinary Time Thursday
Mark 3: 7 - 12
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
လူတွေကယေဇူးနောက်သို့လိုက်ကြခြင်းမှာကိုယ်တော်၏ အံ့ဖွယ်တန်ခိုးတော်များကသူတို့ရဲ့လိုအပ်ချက်၊ဆာလောင်မှုတွေကိုဖြည့်ဆည်းပေးနိုင်သူ၊ရောဂါဝေဒနာတွေကိုကုသပေးနိုင်သူအဖြစ်မြင်သောကြောင့်လိုက်ကြခြင်းပါ။ဒီနေ့ကျမ်းစာတော်မြတ်ကကျွန်ုပ်တို့ကိုနိုးဆော်နေသောအချက်လောကအစာအတွက်ကိုယ်တော်နောက်လိုက်နေသူတွေကို သတိပေးနေတာပါ။ကျွန်ုပ်တို့ယေဇူးကိုယ်တော်နောက်သို့လိုက်တဲ့အခါတန်းခိုးအံ့ဖွယ်လက္ခဏာတွေကြောင့်သာမဟုတ်ဘဲစစ်မှန်သောယုံကြည်ခြင်းနှင့်နှလုံးသားကိုပြုပြင်ပြောင်းလဲလိုသောစိတ်ဖြင့် ရှာဖွေကြရန် အရေးကြီးကြောင်း အတိအလင်းဖော်ပြနေခြင်းပါ။ဒီအတွက် ကျွန်ုပ်တို့ဟာ ယေဇူးကိုယ်တော်ထံသို့ ချဥ်းကပ်ကြခြင်းမှာ မိမိတို့ရဲ့ လိုအင်ဆန္ဒရရှိရေးတစ်ခုတည်းအတွက်သာ ချဥ်းကပ်နေသူဖြစ်နေပါကကျွန်ုပ်တို့ရဲ့ချဥ်းကပ်ခြင်းကစစ်မှန်ေသာယုံကြည်ခြင်း ၊နာခံခြင်းနှင့်နှလုံးသားကိုပြုပြင်ပြောင်းလဲလိုသောစိတ်ဖြင့် ချဥ်းကပ်ကြရန် ကိုယ်တော်က တိုက်တွန်းနိုးဆော်နေတယ်နော်။