Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-01-20 03:12:18
21 January 2026 Tuesday 

Second Week in Ordinary Time

Mark 1: 29 -39 Reflection by

Celeste, MSP

Mary Ni Ni, MSP

  

 ဒီနေ့တရားတော်မြတ်ထဲမှာ*ယေဇူးသည်စီမုန်၏ယောက္ခမနှင့်အခြားသူများစွာကိုကရုဏာဖြင့်ကုသပေးတော်မူသောအခါခန္တာရုပ်ပိုင်းဆိုင်ရာနှင့်ဝိညာဉ်ရေးရာဝေဒနာနှစ်မျိုးလုံးအတွက်ဘုရားသခင်၏နူးညံ့သိမ်မွေ့သောမေတ္တာတရားဖြင့်ဂရုစိုက်မှုကိုဖော်ပြပေးတော်မူခြင်းပါ။

*စီမုန်၏ယောက္ခမဟာယေဇူး၏ကုသခြင်းရရှိပြီးနောက်၊ချက်ခြင်းဧည့်ဝတ်ပြုခြင်းဖြင့်ကိုယ်တော်အားအစေခံခြင်းအမှုပြုတယ်ဆိုသောအချက်အားဖြ့င့်ခရစ်တော်နှင့်တွေ့ဆုံခြင်းက ကျွန်ုပ်တို့အားမေတ္တာဖြင့်အစေခံနိုင်ရန် အမြဲဦးဆောင်လမ်းပြပေးနေတယ်ဆိုတာပါပဲ။

*ယေဇူးသခင်တစ်ယောက်တည်းတိတ်ဆိတ်ငြိမ်သက်စွာနှင့်ဆုတောင်းရန်ရှာဖွေတော်မူသောအချက်မှာဆုတောင်းခြင်းသည်ကိုယ်တော်၏သာသနာပြုအမှုတော်ဆောင်ခြင်း ( Mission)ခရီးလမ်းကိုဦးဆောင်လမ်းပြပေးသောခွန်အားအရင်းအမြစ်ဖြစ်ကြောင်းမီးမောင်းထိုးပြလိုက်တာပါ။

*တစ်ဆက်တည်းမှာပဲခရစ်ယာန်ဘဝဟာဆုတောင်းခြင်း၊ဘဝဖြင့်သက်သေခံသာသနာပြုခြင်း၊ဒီ နှစ်ရပ်စလုံးဟန်ချက်ညီလိုအပ်ကြောင်းကိုယ်တော်ကကျွန်ုတို့အားဖော်ပြပေးနေခြင်းပါ။

*ယေဇူး၏အဓိကသာသနာပြုခြင်း( Mission)မှာဘုရားရှင်၏သတင်းကောင်းကိုဝေမျှဟောပြောရန်ဖြစ်ပြီး၊ကုသပေးခြင်းနှင့်တန်ခိုးအံ့ဖွယ်ရာများကသာသနာပြုခြင်းအတွက် ကူညီပံ့ပိုးပေးသော်လည်းအဓိကမှာဘုရားသခင်၏နိုင်ငံတော်အတွက်သတင်းကောင်းကိုကြေငြာဟောပြောခြင်းပါပဲ။

*ယေဇူးကဆုတောင်းခြင်းဖြင့်ခမည်းတော်၏စကားကိုနာခံပြီး၊လိုက်နာကျင့်ကြံခြင်းအားဖြင့်ခမည်းတော်၏အလိုတော်ကိုသစ္စာရှိရှိလိုက်နာခြင်းကိုဖော်ပြပေးခြင်းအာဖြင့် ကျွန်ုပ်တို့၊တစ်ဦးစီအားလည်းဘုရားသခင်၏အလိုတော်ကိုယုံကြည်၊ နာခံ၊ တောင်းခံ၊ ကျင့်ကြံတည်ဆောက် ရှင်သန်ဝိညာဥ်ဖြင့် နေထိုင်ကြရန် အားပေးလှုံ့ဆော်နေတယ်နော်။


 

 

Daily Reflection