19 January 2026
Second Sunday in Ordinary Time
Mark 2: 18 - 22
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ယေဇူးသည် ကိုယ်တော်၏လူမျိုးအပေါ်ထားရှိသော ပဋိညာဉ်မေတ္တာကို ပြည့်စုံစေသော သတို့သားအဖြစ် မိမိကိုယ်ကိုယ် ဖော်ပြတော်မူခြင်းဖြစ်သလို၊သတို့သား ရှိနေချိန်တွင် ဝမ်းနည်းပူဆွေးနေရမှာမဟုတ်ဘဲ ဝမ်းမြောက်ပျော်ရွှင်ရမယ့်ခြင်းအချိန်ဖြစ်ကြောင်းဖော်ပြပြီး၊ သတိုးသားဖြစ်သော ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခရစ်တော်နှင့် ကျွန်ုပ်တို့ရဲ့တလုံးတဝတည်းရှိသောပေါင်းသင်းဆက်သွယ်ခြင်းကိုဖော်ပြခြင်းပါ။
(၁) စစ်မှန်သောအစာရှောင်ခြင်း - စစ်မှန်သောအစာရှောင်ခြင်းဟာရိုးရာဓလေ့၊ယဥ်ကျေးမှုကြောင့်မဟုတ်ဘဲ၊အစာရှောင်ခြင်းဆိုတာဘုရားသခင်အတွက်ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကိုတမ်းတမှုမှစီးဆင်းလာသောအရာဖြစ်ကြောင်း၊ယေဇူးသည်အစာရှောင်ခြင်းကိုငြင်းပယ်ခြင်းမဟုတ်ဘဲ မှန်ကန်သောစိတ်ဓာတ်နှင့် မှန်ကန်သောအချိန်အခါအခြေအနေမှာကျင့်သုံးရမယ်ဆိုတာကိုသွန်သင်တော်မူခြင်းပါ။
*အစာရှောင်ခြင်းသည် ခရစ်တော်ကို ပိုမိုနက်ရှိုင်းစွာတောင့်တရန် ကျွန်ုပ်တို့၏နှလုံးသားများကို ပြင်ဆင်ပေးခြင်းဖြစ်ရမယ်။
(၂) စပျစ်ရည်အသစ်၊ သားရေဘူးအသစ်*စပျစ်ရည်အသစ်သည်ယေဇူးသခင်ယူဆောင်လာသောအသက်သစ်၊ကျေးဇူးတော်နှင့်ပဋိညာဉ်ကိုကိုယ်စားပြုခြင်းပါ။*သားရေဘူးအသစ်သည် ရိုးသားပွင့်လင်းသောနှလုံးသား၊နှိမ့်ချသောနှလုံးသား၊အသစ်ပြုပြင်ထားသောနှလုံးသားများကိုကိုယ်စားပြုခြင်းပါ။
***ဒီအတွက်ကျွန်ုပ်တို့ဘဝမှာကန့်သတ်ထားသောသဘောထား(သို့)အကျင့်ဟောင်းများကိုတင်းကြပ်စွာဆုပ်ကိုင်ထားပါကခရစ်တော်၏အသက်သစ်၌ကျွန်ုပ်တိုပါဝင်နိုင်မည်မဟုတ်ပါ။ယေဇူးသခင်က အပြင်ပနှင့်ဆိုင်သောအရာများကိုလိုက်နာခြင်းသာမက အတွင်းစိတ်နှလုံးသား ပြုပြင်ပြောင်းလဲခြင်းကို ပြန်လည်ပြုပြင်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေတယ်နော်။
ဒီအတွက်ကျွန်ုပ်တို့သတိမူရမည်အချက်တွေမှာ- ဘာသာရေးအလေ့အကျင့်များသည်ခရစ်တော်၏ချစ်ခြင်းမေတ္တာ၊ကရုဏာနှင့်ဝမ်းမြောက်ခြင်းဆီသို့ကျွန်ုပ်တို့ကို ပို့ဆောင်သောအရာဖြစ်ရမယ်။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းက ခရစ်တော်နဲ့ ထိတွေ့၊တွေ့ဆုံခြင်းမှလာသော အသက်ရှင်သောယုံကြည်ခြင်းဖြစ်ရန်လည်း လိုအပ်ပါတယ်။
ကိုယ်တော်၏ကျေးဇူးတော်များလက်ခံရရှိရန်၊ ဟန့်တားနေသော အလေ့အကျင့်ဟောင်းများကို ကျွန်ုပ်တို့ဆုပ်ကိုင်ထားပါသလား။