17 January 2026 Saturday
Mark 2: 13 - 17
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ယေဇူးသည်အခွန်ခံလေဝိကိုသူ့နောက်သို့လိုက်ရန်ခေါ်သောအခါ လေဝိသည်ထ၍အရာအားလုံးကိုစွန့်ခွာပြီးချက်ခြင်းယေဇူးနောက်သို့လိုက်တယ်။အဲ့ဒီနောက်လေဝိရဲ့အိမ်မှာယေဇူးသည်သူ၏တပည့်တော်များ၊ အခွန်ခံသူများ၊အပြစ်ရှိသောသူများ၊နှင့်အတူညစာသုံးဆောင်ခြင်းမှာဘုရားသခင်၏ခြွင်းချက်မရှိသောကရုဏာနှင့်မေတ္တာကိုပြသခြင်းပါပဲ။ ဒီအချင်းအရာကိုမြင်သောဖာရီဇေဦးဂိုဏ်းဝင်ကျမ်းတတ်ဆရာတွေကယေဇူးကဘာကြောင့်အခွန်ခံသူတွေ၊အပြစ်ရှိသောသူတွေစားရတာလဲလို့ဆိုတဲ့အခါယေဇူးက"ငါသည် ဖြောင့်မတ်သော သူတို့ကိုခေါ်ရန်ကြွလာသည်မဟုတ်၊အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာ၏”ဟု မိန့်တော်မူခြင်းမှာ ကိုယ်တော်ကသူ၏အမှုတော်ဆောင်သာသနာပြုခြင်း ( Mission) ၏ အဓိကအချက်မှာပျောက်ဆုံးသွားသူများကိုရှာဖွေရန်၊ကုသပေးရန်နှင့်ပြန်၍ပြုပြင်မွမ်းမံပေးရန်ဖြစ်ကြောင်းမီးမောင်းထိုးပြလိုက်ခြင်းကကျွန်ုပ်တို့ကိုလည်းနိုးဆော်နေသောအချက်ကအစစ အရာရာပြည့်စုံနေသောသူတွေကိုသာရင်းနှီးပေါင်းသင်းဆက်ဆံလိုသောစိတ်ဓါတ်၊သာမှပေါင်းချင်သောစိတ်ဓါတ်၊မိမိကိုအခွင့်အရေးပေးနိုင်မည့်သူကိုသာခင်မင်လိုသောစိတ်ဓါတ်၊စသောလောကရဲ့အကျိုးကျေးဇူးတစ်ခုတည်းကိုသာကြည့်ပြီးအသက်ရှင်နေသောသူတွေကိုလည်းကိုယ်တော်ကဘုရားရှင်၏စီမံကိန်း Missionကအမှန်တကယ်လိုအပ်. သောသူများနဲ့အတူရှိပြီး သနားကြင်နာမှုကို ပြသကြရန်အတိအလင်းဖော်ပြလိုက်တာပါပဲ။ ဆင်ခြင်သုံးသပ်ပြီး ခွန်အားယူရမည်မှာ- ယေဇူးမိန့်တော်မူသောစကား "အပြစ်ရှိသောသူကိုခေါ်ရန်သာဖြောင့်မတ်သောသူအတွက်မဟုတ်ပါ။"ကျွန်ုပ်နဲ့သင်ဟာအပြစ်သားဖြစ်တယ်ဆိုသောအချက်ကိုသိမှတ်ဝန်ခံပါကအခွန်ခံလေဝိကဲ့သို့ယေဇူး၏ခေါ်သံကိုကြားပြီး စစ်မှန်သောနောင်တ၊တရားတွင် ယုံကြည်ခြင်းဖြင့်ပြုပြင်ပြော်းလဲရန်လိုအပ်တယ်နော်။