16 January 2026 Friday
Mark 2: 1 -12
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni
![]()
ဒီနေ့ဧဝံဂလိကျမ်းစာတော်မြတ်မှာ -ယေဇူးထံ လူလေးယောက်က လေဖြတ်နေသောသူတစ်ယောက်ကိုရောဂါကုသခြင်းရှိရန် ခေါ်ဆောင်လာတဲ့အခါကိုယ်တော်ကသင့်ရဲ့အပြစ်လွတ်ပြီဟု မိန့်တော်မူသောအချက်ကိုထောက်ရှုပါကအပြစ်ခွင့်လွတ်ခြင်းကျေးဇူးတော်ရရှိသောသူဟာကယ်တင်ခြင်းဆု ကျေးဇူးတော် ရရှိလိုက်ခြင်းပါပဲ။
ဒီနေ့ရဲ့ကျမ်းစာတော်မြတ်မှာကိုယ်တော်ကကျန်းမာပါစေဟုမပြောခဲ့ပါဘူး၊ခန္ဓာထက်ဝိညာဥ်ကျန်းမာမှသာကယ်တင်ခြင်းရနိုင်မယ်ဆိုသောအချက်ကိုမီးမောင်းထိုးပြလိုက်တာပါ။
ထောက်ရှုချက်အနေဖြင့်ကျွန်ုပ်တို့၊တစ်ဦးစီရဲ့ဘဝမှာ*ခန္တာကိုယ်ကျန်းမာရေးနှင့်ဝိညာဥ်ကျန်းမာရေးအတွက်ဆောင်ရန်/ရှောင်ရန်တွေကိုလုပ်ဲတဲ့အခါမည်သည့်အရာကိုပိုမို လုပ်ဆောင်နေကြသလဲ။ *ခန္ဓာကိုယ်ကျန်းမားရေးနှင့် ဝိညာဥ်ကျန်းမာရေးရရှိဖို့ကုသခြင်းပြုလုပ်တဲ့အခ မည်သည့်အရာကိုဦးစားပေးလုပ်နေကြပါလဲ။
ခွန်းအားယူရမည့်အချက်မှာ -ဝိညာဥ်ကျန်းမာမှသာ ကယ်တင်ခြင်းရရှိမယ်ဆိုသောအချက်ပါပဲ။
*ကျွန်ုပ်တို့နဲ့ နီးစပ်သူတွေကို ကယ်တင်ခြင်းရရှိစေရန် ယေဇူးဘုရားထံ ခေါ်ဆောင်လာသူလား။ (သို့)ယေဇူးဘုရားနဲ့ ဝေးကွာစေရန် / ကယ်တင်ခြင်းလမ်းသို့ သွေဖယ်စေသောသူဖြစ်နေသလား။ကြိုးစားရမယ့်အချက်က - ကယ်တင်ခြင်းလမ်းသို့ ပို့ဆောင်သောသူဖြစ်ရမည်သာ။