12 January 2026 Monday
Mark 1: 14 -20
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni
ယေဇူးက “ဘုရားသခင်၏ နိုင်ငံတော်သည်တည်လုနီးပြီ။ နောင်တယူ၍ ဧဝံဂေလိတရားကိုယုံကြည်ကြလော့။” ဟူသောကိုယ်တော်၏ နိုးဆော်သံ၊ ဖိတ်ခေါ်သံသည်မေတ္တာတရားဖြင့် ပြည့်ဝနေသောအသံဖြစ်တယ်။ နောင်တရပြီးပြုပြင်ပြောင်းလဲခြင်းက အသက်သစ်ကိုရစေတယ် / ဘဝသစ်၊ အသက်သစ်ကို ဦတည်စေတယ်။ဒီအတွက် ကျွန်ုပ်တို့ရဲ့ နေ့စဥ်အသက်တာမှာ ကောင်းမွန်သောအရာများ၊ဘုရားရှင်နှစ်သက်သောအရာများကိုလုပ်ဆောင်နေခြင်းအားဖြင့်တစ်ဦးစီရဲ့ဘဝမှာနောင်တယူစရာတွေနည်းလာပြီးကောင်းသောအရာတွေကလွှမ်းမိုးလာကာဘုရားသခင်၏ကယ်တင်ခြင်းစီမံကိန်းထဲမှာပါဝင်နေသူများဖြစ်နေပါလိမ့်မယ်။ကျွန်ုပ်တို့ရဲ့ဘဝသက်သေအားဖြင့်လည်းတစ်ပါးသူများအား ခရစ်တော်ကို ညွှန်ပြပေးသူ/ ခရစ်တော်ထံ ပို့ဆောင်ပေးသူများဖြစ်နေပါလိမ့်မယ်။