9 January 2026 Friday
Luke 5: 12 -16
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni
အနာကြီးရောဂါပြင်းထန်စွာခံစားနေရသူတစ်ဦးက ကိုယ်တော့်ထံ နိမ့်ချပျပ်ဝပ်ကာ ကိုယ်တော်အလိုတော်ရှိပါက သန့်ရှင်းစေပလို့တောင်းခံခြင်းကို ကိုယ်တော်ကလည်း သနားကြင်နာခြင်းဖြင့် ကုသပေးတယ်။ဥပဒေအရ၊မထိရသောလူကို ထိတွေ့ခြင်းဖြင့် ယေဇူးက ကိုယ်ခန္ဓာသာကျန်းမာစေတာ သာမက၊ လူ့ဂုဏ်သိက္ခာ၊ လူမှုအသိုင်းအဝိုင်းသို့ ပြန်၍ဝင်ဆံ့နိုင်သော နေရာ အခွင့်ရေးပါ ပေးခြင်းဖြစ်တယ်။
*အနာကြီးရောဂါစွဲနေသောသူတစ်ဦးက ဘုရားအလိုတော်ကို ယုံကြည်ပြီး သူရဲ့ရောဂါပျောက်ကင်းရန်အတွက်၊ သူရဲ့အလိုတော်၌သာမဟုတ်ဘဲ၊ ကိုယ်တော်၏ အလိုတော်အတိုင်းဖြစ်စေဖို့ အပြည့်အဝ အပ်နှံခဲ့တယ်။
*ယေဇူးက ဥပဒေအရ မထိရ၊ မကိုင်ရသောသူကိုထိတွေ့တယ်။ အပြစ်၊ ကြောက်ရွံမှု၊ အပယ်ခံခြင်းတွေထက် ကျော်လွန်သော မေတ္တာကို ပြသတယ်။ ယေဇူးဘုရားရှင်၏ ကရုဏာမေတ္တာတရားမှ လွတ်မြောက်နိုင်သော အနာဆိုတာမရှိဘူးနော်။
*ယေဇူးက ကိုယ်ခန္တာ ကျန်းမာရန်သာမက၊ ဝိညာဥ်ရေူနှင့် လူ့ဘောင်အဖွဲ့စည်းထဲသို့ ဝင်ဆံ့နိုင်သောနေရာကိုလည်းပေးတာနော်။
*သွား၍သင့်ကိုယ်ကိုပြလော့ ဟု မိန့်တော်မူခြင်းက အသင်းတော်နဲ့ပြန်လည် ဆက်သွယ်မှုပြုလုပ်ပြီး နာခံမှုဖြင့် ရှင်သန်တည်ဆောက်နေထိုင်သွားရန်နိုးဆော်ခြင်းပါနော်။
*ကိုယ်တော်က လူသူကင်းဝေးသောအရပ်သို့ ဆုတောင်းတော်မူ၏ ကျမ်းစကားက ကျွန်ုပ်တို့ဘဝ၌ ဘုရားသခင် နှင့် ဆုတောင်းနိုင်ရန်၊ ရင်းနှီဆက်နွယ် ပေါင်းစပ်နိုင်ရန်အတွက် အပြင်အပရဲ့ တိတ်ဆိတ်မှုရှိမှသာ အတွင်းစိတ်နှလုံးသားထဲမှာ တိတ်ဆိတ်မှုရရှိကာ ဘုရားနှင့် နက်ရှိုင်းစွာထွတွေ့နိုင်မယ်ဆိုတဲ့အချက်ကို ဖော်ပြခြင်းအားဖြင့် လူသူကင်းဝေးသောတိတ်ဆိတ်မှုက ဘုရားနဲ့ပေါင်းစပ်နိုင်စေသောလမ်းသွယ်ဖြစ်တယ်ဆိုတာကို တိုက်တွန်းနိုးဆော်နေတာနော်။