8 January 2026 Thursday
Luke 4:14 -22
Reflection by Celeste, MSP
Posted by Sr.Maria Ni Ni, MSP
ဒီနေ့တရားစကားမှာ ယေဇူးသခင်၊ လူ့အဖြစ် ယူပြီးဤလောကသို့ ကြွရောက်လာခြင်း၏ အဓိက စီမံကိန်းက ဆင်းရဲသားတွေ၊ ချုပ်နှောင်ခံရသူတွေ၊ မျက်စိမမြင်သောသူတွေ၊ဖိနှိပ်ခံရသောသူတွေ အတွက် ကယ်တင်ရန်၊ ဘုရားသခင် ၏ ကရုဏာ၊ဘုရားသခင်၏နိုင်ငံတော် နှင့်ကယ်တင်ခြင်း ကို စတင်ရန် ခမည်းတော်မှ စေလွှတ်တော်မူသော ကယ်တင်ရှင် (မက်ဆီယာ) အဖြစ် မိမိကိုယ်ကို ဖော်ပြတော်မူပြီး၊ ထာဝရ ဘုရားသခင်၏ ကျေးဇူးတော်မင်္ဂလာနှစ်ကို ကြေငြာရန် ခမည်းတော်က ကိုယ့်တော်ကို စေလွတ်တော်မူခြင်း ဖြစ်ကြောင်း အတိအလင်းဖော်ပြ ထားတယ်။
ဒီအတွက် ဒီနေ့ဧဝံဂလိတရားစကား၊ သတင်းစကား message မှာ အထူးသဖြင့် ဆင်းရဲသားတွေ၊ အပယ်ခံလူတန်းစားတွေ၊ အသံမထွက်နိုင်သောသူတွေ၊ မျှတမှုမရရှိဘဲ ဖိနှိပ်ခံနေရသူတွေ၊ အမှန်တရားကို မြင်ခွင့်မရရှိသောသူတွေ/ ကြားခွင့်မရှိသူတွေ၊ လူ့အခွင်းရေးဆုံးရှုံးသူတွေအတွက် ဝိညာဥ်တော်၏ အလင်းကျေးဇူးတော်ကို ခံယူပြီး၊ ဝိညာဥ်တော် ဦးဆောင်မှု အတိုင်း အဘခမည်းတော်ဘုရား၏ အလိုတော်ကို စစ်မှန်သော မေတ္တာတရား၊ ဖြူစင်သောမေတ္တာ၊ အရောင်အစင်းမရှိသော အဖြူရောင်မေတ္တာဖြင့် ဆေးကြောခြင်း မင်္ဂလာ ခံယူခြင်းထားသော ကျွန်ုပ်တို့ တစ်ဦးအား ဘုရားရဲ့ သာသနာတော် ပိုမိုကျယ်ပြန့်စေရန် ဧဝံဂလိသတင်းကောင်းအား ကျွန်ုပ်တို့ရဲ့ ဘဝ နဲ့ သက်သေခံဖို့ နိုးဆော်နေတာနော်။
ကျွန်ုပ်တို့ရဲ့လုပ်ဆောင်နေသောအရာ. တွေက ယေဇူးသခင် ကြွလာခြင်း၏ စီမံကိန်းနဲ့ ကိုက်ညီမှုရှိပြီလား။ ဒီလိုမှမဟုတ်ဘဲ သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှု၊ တရားမျှတမှု၊ ရိုးသားဖြောင့်မတ်မှုတွေ ပပျောက်ကာယေဇူးသခင်၏ စီမံကိန်းအား ဆန့်ကျင်ပြီး ကယ်တင်ခြင်းကို သွေဖယ်အောင် လုပ်နေသူများ ဖြစ်နေကြပြီလား။
• သင့်ကို ဘုရားသခင်က ဆေးကြောခြင်းမင်္ဂလာအားဖြင့် ဘုရားသားသမီးအဖြစ်ခေါ်ဖိတ်ထားခြင်းမှာ ကိုယ်တော်၏ကယ်တင်ခြင်းလုပ်ငန်းမှာ အဖြူရောင်မေတ္တာဖြင့် သတင်းကောင်းကို ဘဝဖြင့် သက်သေခံရန် စေလွတ်ခံရသူဆိုတာမမေ့နဲ့နော်။