3 January 2026 Saturday
Christmas season
John 1: 29- 34
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni
"ဘုရားသခင်၏သိုးသူငယ်ကို ကြည့်ကြလော့။ လောကသားတို့၏အပြစ်ကို ချွတ်တော်မူသောအရှင်ကို ကြည့်ကြလော့။"
ယေဇူးခရစ်ေတာ်ဟာ လောကသားအားလုံးရဲ့ အပြစ်ကို ယူဆောင်သွားသော သိုးသူငယ်ဖြစ်ပြီး ဘုရားသခင် ၏ ကယ်တင်ခြင်း ကတိတော်ကို ပြည့်စုံစေသောသူဖြစ်တယ်။ဝိညာဉ်တော်ဟာ ကိုယ်တော်အပေါ် ဆင်းသက်လာခြင်းက ကိုယ်တာ်သည် ဘုရားသခင် ၏ တစ်ပါးတည်းသောသားတော် ဖြစ်ကြောင်း ဖော်ပြပေးတယ်။ဒီနေ့ ဧဝံဂေလိတရားက ကျွန်ုပ်တို့ရဲ့ နှလုံးသားတွေကို သန့်ရှင်းသောဝိညာဉ်တော်ထံဖွင့်ဟပြီး၊ ယေဇူးသခင်ထံ ကျွန်ုပ်တို့ရဲ့ဘဝတွေကို ပြောင်းလဲခွင့်ပေးဖို့ ဖိတ်ခေါ် နေတယ်။
ယောဟန်ဘတ္တဇံ ကဲ့သို့ပင် ကျွန်ုပ်တို့လည်း ယုံကြည်ခြင်းဖြင့် ကိုယ်တော်ကို သိရှိရန်နှင့် ကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင် ကိုယ်တော်၏ကယ်တင်ခြင်းမေတ္တာတော်ကို သက်သေခံရန် ဖိတ်ခေါ်ခံရခြင်းလည်းဖြစ်ပါတယ်။
ဒီအတွက် တရားတော်အတိုင်း
*နိမ့်ချစွာနေထိုင်ခြင်းအားဖြင့် တပါးသူတွေအား ခရစ်ထံ ညွှန်ပြပေးနိုင်သူဖြစ်ကြရန်၊
*ဘုရားသခင်၏ ကရုဏာ နှင့် ခွင့်လွတ်ခြင်း ကို ယုံကြည်ရန်၊
*သန့်ရှင်းသောဝိညာဥ်တော်ဘုရား၏ လမ်းပြဦးဆောင်မှုကို လက်ခံရန်၊
*မေတ္တာတရား နှင့် ကောင်းသောလုပ်ဆောင်ချက်တွေ အားဖြင့် ယေဇူးခရစ်တော်ကို သက်သေခံကြပါစို့။