1 January 2026 Thursday
Luke 2: 16 - 21
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni
ဘုရားသခင်သည် မိမိ၏သနားကရုဏာတော်ဖြင့် ကျွန်ုပ်တို့ကို ကောင်းချီးမင်္ဂလာ ပေးတော်မူပါစေ။
သိုးထိန်းများသည် သူငယ်တော်ယေဇူးနှင့် ဖူးမျှော်တွေ့ဆုံရန် အလျင်အမြန်သွားရောက်ကာ နှိမ့်ချလျက်ရှိသော ကိုယ်တော်ကိုတွေ့ရှိခဲ့ကြ၍ သူတို့သည် ကိုယ်တော်ကို ဖူးမျှော်ခွင့်ရရှိခဲ့ကြတယ်။ သူတို့၏တွေ့ဆုံမှုက ဘုရားသခင် ဘုန်းဂုဏ်တော်ကိုချီးမွမ်းရန် ဦးတည်စေခဲ့ပြီး၊ မာရိယာမူကား ဤအကြောင်းအရာအားလုံးစုံတို့ကို သူမ၏စိတ်နှလုံးတွင် စဥ်းစားဆင်ခြင်လျက် သိမ်းဆည်းထားခဲ့တယ်။ ပညတ်တရားကိုနာခံသော အားဖြင့် သူငယ်ေတာ်ကို အရေဖျားလှီးခြင်း မင်္ဂလာပေးကာ ယေဇူးဟူသောအမည်ပေးခြင်းမှာ လူသားတ်ု့နှင့် တော်စပ်မှုကို ပြသခြင်းပါပဲ။ ကျွန်ုပ်တို့၊ တစ်ဦးစီလည်း သိုးထိန်းတွေလိုပဲ ခရစ်တော်ကို စိတ်အားထက်သန်စွာရှာဖွေ ဖူးမျှော်ကြရန်၊ ဝမ်းမြောက်စွာဘုရားသခင် ဂုဏ်တော်ကိုချီးမွမ်းရန်၊ အမိမယ်တော်မာရိယာ ကဲ့သို့ ဆုတောင်းခြင်းနှင့် စိတ်နှလုံးတွင် ဆင်ခြင်သုံးသပ်ခြင်းဖြင့်ကိုယ်တော်၏ရှေ့မှောက်တော်ကို ဝင်ရောက် ခိုလုံစေရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်နေခြင်းပဲဖြစ်ပါတယ်။