14 November 2025
32nd Week in Ordinary Time Friday
Luke 17: 26 -37
Reflection by SMF Sisters
Posted by Sr. Maria Ni Ni
“မိမိ၏အသက်ကိုကယ်တင်ရန်ကြိုးစားသောသောသူသည်အသက်ကိုဆုံးရှုံးလိမ့်မည်။ မိမိ၏အသက် ကိုဆုံးရှုံးသောသူသည်အသက်ကိုကယ်တင်နိုင်လိမ့်မည်”
ဒီနေ့ကျမ်းစာတော်မြတ်ရဲ့စိန်ခေါ်ချက်မှာပြင်းထန်တယ်လို့ပြောလို့ရတယ်။ကိုယ်တန်ဖိုးထားတဲ့ကိုယ့်အသက်ကိုတောင်ကယ်တင်ခွင့်မရပါလားဆိုပြီး၊ဇောတကတက်ချင်မိတယ်။ဒါပေမဲ့ဇောတက၊မတက်ခင်ပထမကျမ်းထဲမှာပြောထားတာတွေကြည့်ကြရအောင်။“ရူးမိုက်သောသူများကဘုရားသခင်သည်သဘာဝတရားများရဲ့အရှင်သခင်ဖြစ်ကြောင်း၊ဘုရာသခင်သည်သဘာဝတရားများထက်စွမ်းအားပိုမိုကြီးမားကြောင်းကိုအသိအမှတ်မပြုကြသည့်အပြင်သဘာဝတရားသည်သူတို့၏ အရှင်သခင်အဖြစ်မှတ်ယူကြသည့်အတွက်သဘာဝတရားပုန်ကန်ထကြွချိန်မိမိအသက်အတွက်စိုးရိမ်ပူပန်ကြကာလုံခြုံမှုတစ်ခုအတွက်တာကြိုးပမ်းကြပြီးဘုရားရှင်သည်အရာအားလုံးကိုတတ်နိုင်တော်မူသောတန်ခိုးရှင်ဖြစ်တော်မူကြောင်းကိုမယုံကြည်ကြပေ”ဟုပြောထားတာကိုတွေ့ရပါတယ်။နောက်ဆုံးသောနေ့ရက်၏နိမိတ်ဖြစ်ပေါ်လာပါသော်လည်းဘုရားရှင်ကိုယုံကြည်ကိုးစားသောသူသည်မိမိရောက်ရာအရပ်၊မိမိလုပ်နေတဲ့အလုပ်အတိုင်းတည်ကြည်စွာ၊ယုံကြည်စိတ်ချစွာဖြင့်ဆက်လက်လုပ်ဆောင်သွားနိုင်ကြခြင်းပါ။
နောက်ဆုံးသောနေ့အတွက် ကျွန်ုပ်အဆင်သင့်ဖြစ်ပြီလား။
Point: Am I ready for the final day?