13 November 2025
32nd Week in Ordinary Time Thursday
Luke 17: 20 - 25
Reflection by SMF Sisters
Posted by Sr. Maria Ni Ni
“ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌တည်ရှိတော်မူ၏”
ဒီနေ့ပထမကျမ်းစာတွင်ညဏ်ပညာအကြောင်းကိုအကျယ်တဝင့်ရှင်းပြထားသည့်အပြင်“ဘုရားသခင်သည်မည်သူ့ကိုမျှလက်မခံဘဲညဏ်ပညာနှင့်အတူနေထိုင်သူကိုသာလက်ခံ၏”ဟုပြောထားပါတယ်။ဘုရားသခင်၏နိုင်ငံတော်သည်ဘုရားတည်ရှိရာနေရာဖြစ်သည့်အတွက်ညဏ်ပညာရှိသောသူသ်ဘုရားသခင်၏နိုင်ငံတော်လည်းသူ့၌တည်ရှိတယ်။တစ်ခါတစ်လေကျွန်ုပ်တို့ကဖာရီဇေးဦးကဲ့သို့ဘုရားသခင်၏နိုင်ငံတော်သည်မြင်နိုင်သောနိမိတ်လကဏာများဖြင့်ရောက်လာမည်ထင်မြင်တတ်ကြတယ်။ တစ်ကယ်တော့ ဘုရားရှင်မိန့်ကြားတော်မူခဲ့သည့်အတိုင်းပဲဘုရားသခင်၏နိုင်ငံတော်သည်ကျွန်ုပ်တို့အလယ်၌တည်ရှိနေပါတယ်။
ကျွန်ုပ်သည်ဘုရားသခင်၏နိုင်ငံကိုရှာဖွေတွေ့ရှိပြီး၊ ထိုနိုင်ငံတော်ကို လူ့အဖွဲ့စည်းမှာတည်ဆောက်နေပြီလား။
Point: Do I find the Kingdom of God and yet build it in society?