12 October 2025
32nd Week in Ordinary Time Wednesday
Like 17:11 - 19
Reflection by SMF Sisters
Posted by SR.Maria Ni Ni
“ထိုသူတို့တွင်တစ်ယောက်သည် မိမိပျောက်ကင်းချမ်းသာရကြောင်းကိုမြင်သောအခါ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုကျယ်လောင်စွာအော်ဟစ်ချီးမွမ်းလျှက် ပြန်လှည့်လာ၏”
ဘုရားသခင်ရဲ့ကူညီစောင်မခြင်း၊ကုသခြင်းကိုသင်ခံစားရတဲ့ချိန်အနာကြီးရောဂါသည်တစ်ဦးကဲ့သို့ဘုရားသခင်ဆီပြန်လှည့်လာပြီးဘုရားရှင်ကိုကျေးဇူးတင်ခဲ့ဖူးပါသလား။အမှန်ဆိုရရင်ကိုယ်မတောင်းလျှောက်ခင်ကတည်းကကိုယ့်ရဲ့လိုအပ်ချက်တွေကိုဘုရားရှင်သိပြီးသာမက၎င်းကိုဖြည့်ဆည်းပေးဖို့ကျွန်ုပ်တို့အတွက်အမြဲအဆင်သင့်ရှိနေတယ်။ဒါပေမဲ့ အနာကြီး ရောဂါသည်များကဲ့သို့သူ့ဆီချည်းကပ်ပြီးတောင်းလျှောက်ဖို့ဘုရားရှင်အလိုရှိသည်သာမကမိမိခံစားရရှိတဲ့အကျိုးကျေးဇူးများကိုပြန်လည်ကျေးဇူးတင်တတ်ဖို့လည်းအလိုရှိတယ်။ မိဘများသည်မိမိသားသမီးများလိမ္မာရေးခြားရှိပြီးကျေးဇူးတရားသိတတ်တဲ့သူများဖြစ်လာဖို့အလိုရှိသကဲ့သို့ဘုရားရှင်လည်းသူ့ရဲ့သားသမီးများဖြစ်ကြတဲ့ကျွန်ုပ်တို့ကိုကျေးဇူးတရားသိတတ်သူများဖြစ်စေချင်ပါတယ်။
ကျွန်ုပ်သည်ကျေးဇူးတင်တတ်သောသူတစ်ယောက်လား။
Point: Am I being a thankful person?