11 November 2025
32nd Week in Ordinary Time Tuesday
Luke 17: 7 - 10
Reflection by SMF Sisters
Posted by Sr. Maria Ni Ni
“ငါတို့ဆောင်ရွက်ရမည့် တာဝန်ဝတရားများကိုဆောင်ရွက်ခြင်းသာဖြစ်သည်”
ဒီကနေ့ကျမ်းစာတော်မြတ်ကဘုရားသခင်ကိုစေခံရာတွင်ရှိရမည့်စိတ်နေစိတ်ထားကိုဖော်ကျူးနေပါတယ်။အစေခံခြင်းသည်ကိုယ်နေရာရဖို့၊ထင်ရှားကျော်ကြားလာစေဖို့နှင့် အရေးကြီးတဲ့ပုဂိလ်ဖြစ်လာဖို့အတွက်မဟုတ်ဘဲတာဝန်ဝတရားရှိလို့သာစေခံခြင်းဖြစ်တယ်။အစေခံသည်မိမိသခင်အတွက်စေခံရမည့်ဝတရားရှိ သကဲ့သို့ဖန်ဆင်းခံလူသားသည်မိမိဖန်ဆင်းရှင်ကိုစေခံရမည့်တာဝန်ဝတရားရှိတယ်။
ကျွန်ုပ်သည် ဘယ်လို စိတ်နေသဘောထား၊ စိတ်၊ နှလုံးသားနှင့်အစေခံနေပါသလဲ။
Point: With what kind of attitude, mind and heart that I am serving?