8 October 2025
31st Week in Ordinary Time Saturday
Luke 16: 9 - 15
Reflection by SMF sisters
Posted by Sr. Maria Ni Ni
"သင်တို့သည်ဘုရားသခင်နှင့်လောကီစည်းစိမ်နှစ်ခုစလုံးကိုအစေမခံနိုင်။”
ဘုရားပေးထားသောစည်းစိမ်ဥစ္စာများသည်ဘုရားသခင်ဆီပြန်သွားရာတွင်အသုံးချဖို့အတွက်ဲပဖြစ်ပါတယ်။ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းသည်အပြစ်မဟုတ်ပါ။သို့သော်၎င်းကိုတပ်မက်စွဲလန်းပါလျှင်ကျွန်ုပ်တို့ကိုဘုရားရှင်နဲ့ဝေးကွာစေသည်သာမကကျွန်ုပ်တို့သည်စည်းစိမ်ဥစ္စာရဲ့ကျေးကျွန်ဖြစ်လာတတ်ပါတယ်။နောက်ဆုံး၎င်းကိုဘုရားရှင်နေရာမှာအစားထိုသည်အထိဖြစ်လာတတ်ပါတယ်။ဘုရားရှင်ကကျွန်ုပ်တို့တစ်ဦးစီရဲ့နှလုံးသားထဲမှာဘယ်အရာကနေရာယူနေလဲဆိုတာသိပြီးသားဖြစ်ကြောင်းကို“ဘုရားသခင်သည်သင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏”ဟူ၍ကျမ်းစာတော်မြတ်ထဲမှာအတိအလင်းဖော်ပြထားပါတယ်။
ဒီနေ့ကျမ်းစာတော်မြတ်အားဖြင့်ကျွန်ုပ်တို့ဘဝအသက်တာပြည့်ဝစုံလင်ဖို့ရန်မည်သူ့ကိုအစေခံရမည်ကိုဘုရားရှင်ကမီးမောင်းထိုးပြသွားပါတယ်။
• ကျွန်ုပ်နှလုံးသားထဲမှာ ဘယ်သူရှိလဲ။ *
Point: Who is in my heart?