Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-11-05 00:14:57
6 October 2025

31st Week in Ordinary Time Thursday

Luke 15: 1 -10

Reflection by SMF Sisters

Posted by Sr. Maria Ni Ni, MSP

 

“ကိုယ်တော်၏တရားတော်ကိုကြားနာရန်အထံတော်သို့ချဉ်းကပ်လာကြ၏”

ဒီနေ့ကျမ်းစာတော်မြတ်ထဲမှာလူနှစ်စုရဲ့ပုံရိပ်ကိုတွေ့ရပါတယ်။ 

*ပထမတစ်စုကအခွန်ခံသူများနှင့်အပြစ်ရှိသူများဘဲဖြစ်တယ်။သူတို့တစ်တွေကခရစ်တော်၏တရားတော်ကိုကြားနာခွင့်ရကြသည်သည်မကခရစ်တော်၏ချီးကျူးခြင်းကိုလည်းခံခဲ့ရပါတယ်။ 

*ဒုတိယတစ်စုကလူတွေရဲ့မှာမိမိကိုယ်ကိုယ်ဖြောင့်မတ်သူကဲ့သို့ဟန်ဆောင်ပြီးတစ်ပါးသူရဲ့အားနည်းချက်ကိုလက်ညိုးထိုးတတ်သောဖာရီဇေးဦးတို့နှင့်ကျမ်းတတ်ဆရာတို့ပဲဖြစ်တယ်။သူတို့တတွေကမိမိသည်အပြစ်သည်ဖြစ်ကြောင်းကိုဝန်မခံသည့်အတွက်မိမိတို့၏နှလုံးသားသည်ဘုရားရှင်နှင့်ဝေးကွာနေသည့်အတွက်ခရစ်တော်၏တရားတော်ကိုနှလုံးမသွင်းနိုင်ခဲ့ကြပါ။တစ်ကယ်တော့အပြစ်တရားသည်ကျွန်ုပ်တို့ကိုဘုရားရှင်နဲ့ဝေးစေခဲ့ပါတယ်။သို့သော်ကိုယ့်ရဲ့အပြစ်အမှားများကိုအသိအမှတ်ပြုပြီးစစ်မှန်သောနောင်တတရားနဲ့ဘုရားရှင်ဆီပြန်လာခြင်းသည်ကျွန်ုပ်တို့ကိုဘုရားရှင်နဲ့ပြန်လည်နီးစပ်စေတဲ့တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ဒီနေ့ကျမ်းစာတော်မြတ်ထဲမှာအပြစ်ရှိသူများသည်နောင်တတရားရကြပြီးဘုရားရှင်ထံပြန်လည်၊ ခိုလှုံကြသောအခါဘုရားရှင်ရဲ့တရားတော်များကိုနှလုံးသွင်းကြားနာခွင့်ရကြသည်သာမကပျောက်သောသိုးကိုပြန်လည်တွေ့ရှိသောသူပမာ ဘုရားရှင်ကသူတို့ကို ဝမ်းသာအားရစွာကြိုဆိုလက်ခံပြီးနွေးထွေးသောသူ့ရဲ့အရိပ်အာဝါသအောက်မှာခီုလှုံခွင့်ပေးခဲ့ပါတယ်။

• ကျွန်ုပ်သည်နောင်တရပြီးဘုရား၏သားသမီးတစ်ဦးဖြစ်ပြီလား။ *

Point: Am I being a repentant child of God?

 

Daily Reflection