4 October 2025
31st Week in Ordinary Time Tuesday
Luke 14: 14 - 25
Reflection by SMF Sisters
Posted by Sr. Maria Ni Ni, MSP
ဘုရားသခင်၏နိုင်ငံတော်၌ပါဝင်စားသောက်ရသောသူသည် မဂႅလာရှိ၏”
နေ့စဉ်နှင့်အမျှကျင်းပသော မစ္ဆားတရားတော်မြတ်သည် ဘုရားရှင်၏စားပွဲတော်၌ပါဝင်ခြင်းဖြစ်သည့်အတွက် မစ္ဆားတရားတော်မြတ်မှာပါဝင်တဲ့သူတိုင်းသည် မဂႅလာရှိကြောင်းကို ဒီနေ့ဧဝံဂေလိကျမ်းကအတည်ပြုထားတာတွေ့ရပါတယ်။ ဘုရားရှင်က ကျွန်ုပ်တို့ကိုချစ်သည့်အတွက်ကြောင့် မထိုက်တန်သော်လည်း သူ့ရဲ့တန်ဖိုးရှိလှတဲ့စားပွဲတော်မှာပါဝင်ဖို့ ဖိ်ခေါ်နေတယ်။ စားပွဲတော်၌ပါဝင်ရန်ဖိတ်ခေါ်ခြင်း သည် ကျွန်ုပ်တို့ဘဝခွန်အားရရှိစေသည်သာမက ကောင်းချီးတော်နှင့်ပြည့်ဝရန်အတွက်ဖြစ်ပါတယ်။ ကျမ်းစာတော် မြတ်ထဲမှာ ဖိတ်ခေါ်ခြင်းခံရသောသူများသည် စားပွဲတော်မှာပါဝင်ရန် ငြင်းဆန်ခဲ့ကြသည့် အတွက်ကြောင့် “မည်သူ့မျှငါ၏စားသောက်ပွဲကို မမြည်းစမ်းရ”ဟူ၍မိန့်တော်မူခဲ့တယ်။ ကျွန်ုပ်တို့အားလုံးသည်လည်း ဖိတ်ခေါ်ခြင်းခံနေရသောသူများဖြစ်ကြသည်ကိုပြန်လည်သတိမူကြပြီဘုရားရှင်၏ဖိတ်ခေါ် ခြင်းကို မစ္ဆားတရားတော်မြတ်မှာပါဝင်ခြင်းဖြင့်တုန့်ပြန်ကြရအောင်။
*မွန်မြတ်သော မစ္ဆားတရားတော်မြတ်တွင် ကျွန်ုပ် မကြာခဏ ပါဝင်ခြင်းရှိပါသလား။ *
Point: Have I often participated in the Holy Eucharist?