Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-09-29 04:08:09
26th Week in Ordinary Time, Tuesday

Luke 9:51 - 56

Reflection by Sr. Raymonda Hla, ZSLF

Posted by Sr. Maria Ni Ni, MSP

ဘုရားအတွေးအမြင်ဖြင့်မြင်တတ်ပါစေ။

ယေဇူးသခင်ကို ရွာသားများလက်မခံသည့်အခါ ယာကုပ်နှင့်ယောဟန်မြင်လျှင် “သခင် ဧလိယပြုသကဲ့သို့ အကျွန်ပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကိုလောင်စေခြင်းငှါ အလိုရှိတော်မူသလော့” ဟုဆိုရာတွင် ယေဇူးသည် သင်တို့သည်ကိုယ်စိတ်သဘောကို ကိုယ်မသိကြဟု မိန့်တော်မူ၏။ လက်ရှိဖြစ်ပျက်နေသည့် မြန်မာပြည်ကြီးအခြေအနေကို ဘုရားအတွေးအမြင်ဖြင့် မမြင်လျှင် ဘုရားရှင်သည် ဆိုးယုတ်သူကိုဘာကြောင့်မစီရင်သနည်း။ ကိုယ်တော်ရှင်သည် ပြည်သူလူထုဟစ်အော် ဆုတောင်းအသံမကြားသလော့ဟုဆိုနေကြပါသည်။ ဘုရားရှင်သည် ကောင်းသူဆိုးသူအပေါ်မိုးကိုရွာစေ၊ နေရောင်ခြည်ကိုတန်းတူညီတူစံစားစေပါသည်။ ကျွန်ပ်တို့သည်လည်း လူကောင်းတစ်ဦးမဖြစ်နိုင်သေးပါ။ အားနည်းချက်ကိုယ်စီရှိနေသေး‌သောကြောင့် ဘုရားရှင်ထံမှ ကျေးဇူးတော်အမြဲ လိုအပ်နေပါသည်။ ဘုရားရှင်၏ရက်ရောသော စိတ်စေတနာကို  ကျွန်ပ်တို့မပြည့်စုံမှု၊ အားနည်းချက်ဖြင့်မ‌ဝေဖန်သင့်ပေ။ ကျွန်ပ်တို့မပြည့်စုံမှု၊ အားနည်းချက်များကိုဦးစွာ ပြုပြင်ရမည်။ တစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များ နေ့စဥ်ပြန်လည်သုံးသပ်ရန်၊ ဘုရားစိတ် မွေးမြူတတ်ရန်နှင့် ဘုရားအတွေးအမြင်တွေရှိရန် လိုအပ်ပါသည်။ မိမိမျက်လုံးထဲက အမှိုက်များဦးစွာဖယ်ရှားမှ တစ်ပါးသူအမှိုက်စကိုဖယ်ရန် ပြောဆိုသင့်သည်။ အပြစ်နှင့်မကင်းသည့်အတွက် အပြစ်မှနောင်တယူပြုပြင်ပြီးမှ တစ်ပါးသူလိုအပ်ချက်များ လမ်းညွန်သွန်သင်ရမည်။ မိမိ၌ပါရမီရှိမှသာလျှင် တစ်ပါးသူကို ပါရမီအကြောင်း ဟောကြားနိုင်မည်ဖြစ်၍ အမြဲဆင်ခြင်တုံတရားဖြင့်နေထိုင်ရမည်။ ရိုးရှင်းသောဘဝဖြင့် ဘုရားရှင်ကိုဆက်ကပ်ပါ။ တရားလမ်းဖြင့်နေထိုင်ပါ။ ဖြူစင်သောမနောဖြင့် ပတ်ဝန်းကျင်ကို ကြည့်တတ်ပါစေ။

  

Daily Reflection