Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-09-24 04:09:31
25 September 2025

25th Week in Ordinary Time Thursday

Luke  9:7-9

Reflection by Sr. Raymonda Hla, ZSLF

Posted by Sr. Maria Ni Ni, MSP

 အမှန်တရားသည်ခါးသည်းမှုရှိ၏

ကျမ်းစာထဲတွင် ဟေရုဒ်မင်းကြီးသည် သူတစ်ပါးထံမှ ယေဇူးသခင်အကြောင်းကြားရချိန်တွင် သူသည် သခင်ယေဇူးကို မြင်ခြင်းငှာအလိုရှိသည်။ ကျွန်ပ်တို့သည် မိမိတို့၏ကြိုးစား၍အောင်မြင်မှု၊ ပိုင်ဆိုင်မှု၊ တိုးတက်မှု စသဖြင့် သတင်းကောင်းများကြားလိုကြသည်၊ နားထောင်လိုကြသည်။ အားနည်းချက်များ၊ မပြည့်စုံမှုများ၊ ကျဆုံးမှု များ လက်မခံလိုကြပါ။ မိမိတို့နေ့စဥ်ဘဝ ရှင်သန် ဖြတ်သန်းရင်း‌   မိမိတို့၏ သမိုင်းကို ရေးနေကြသည်ကို သတိမထား ကြချေ။ ‌ကျွန်ပ်တို့၏သမိုင်းလှပလိုလျှင် လှပအောင်နေထိုင်ဆက်ကပ်မှသာလျှင် သမိုင်းလှပမည်။ အမှ်တရားသည် ခါးတတ်၏ သို့သော်မှန်သည့်အတွက် လက်မခံလိုသော်လည်းမရချေ။ * သူတော်ကောင်းသူတော်မြတ်များသည် လောက၌အသက်ရှင်ချိန် သူတပါးအတွက်သာ အသက်ရှင်သည်ဖြစ်၍ သူတော်သူမြတ်ဘဝ ရရှိခဲ့ကြခြင်းဖြစ်ပါသည်။ * အမိမယ်တော် သည်လည်း ဘုရားအလိုတော်အတိုင်း အသက်ရှင်ခဲ့၍ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရ၏။* ဟေရုဒ်မင်းကြီးသည် သူ့အာဏာဖြင့်အသက်ရှင်ခဲ့၍ သမိုင်းတွင် နာမည်ကောင်းမရရှိချေ။ * တမန်တော် (၁၁) ပါးသည် မိမိတို့ လက်ခံရရှိသော ကျေးဇူးတော်ဖြင့်ဆက်ကပ်ခဲ့၍ ခရစ်တော်ရှင်၏တပည့်အဖြစ် နာမည်ကျန်ခဲ့ပါသည်။*  သင် နှင့် အကျွန်ုပ် လျှောက်လှမ်းနေသည့်ဘဝမှာ မည်သို့သော သမိုင်းများရေးသားနေပါသနည်း။ *  မိမိသမိုင်းလှပရန် မိမိတို့၏ တာဝန်ဖြစ်၍ သမိုင်းလှပစွာ ရေးသားနိုင်ရန်ကြိုးစားကြပါစို့။


Daily Reflection