25th Week in Ordinary Time Sunday, Luke 16:1-13
Reflection by Sr. Raymonda Hla, ZSLF
Posted by Sr. Maria Ni Ni, MSP
ကောင်းသောအစေခံအမှုပြုခြင်း
ဘုရားရှင်၏နှုတ်တော်ထွက်တရားသည်ကျွန်ပ်တို့ကိုဖိတ်ခေါ်နေသည်မှာ မည်သည့်အမှု ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊သစာစောင့်စည်းခြင်းသည်အရေးကြီးသောအချက်ဖြစ်ပါသည်။ပေးအပ်ခြင်းခံရသော တာဝန်များကိုစိတ်ကောင်းနှလုံးကောင်းဖြင့် လိုက်နာဆောင်ရွက်ခြင်းဖြင့် အစေခံအမှုပြုရမည်။ “သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်းမခံနိုင်ကြ” ဘုရားုအစေခံလျှင် လောကီ စည်းစိမ်တပ်မက်မှုရှောင်ကြဥ်ရမည်။ လောကီစည်းစိမ်တပ်မက်မှုရှိလျှင်ဘုရားရှင်၏လမ်းစဥ်လျောက်လှမ်း ရန်မဖြစ် နိုင်ချေ။ သို့ဖြစ်၍ မိမိတစ်ဦးစီသည် ဘုရားရှင်ပေးသော လွတ်လပ်မှုအပေါ်မူတည်၍ ရွေးချယ်ရာတွင် သတိထားပြီး ရွေးချယ်ရန်လိုအပ်သည်။လွယ်ကူပြီး တပ်မက်စရာကောင်းသော ခေတလူ့ဘဝကို မရွေးချယ်မိရန်လိုအပ်ပါသည်။ ခက်ခဲကြမ်းတမ်းနေသော်လည်း နှောင်ဘဝကောင်းစားရန် ချိုးခြံမှု၊ ချုပ်တီးမှု၊ဆင်းရဲမှု၊ ဆုတောင်းမွေ့လျှော်မှု၊ စွဲလမ်းတပ်မက် ကင်းသောမနောဖြင့် ဘဝကိုလျောက်လှမ်းရမည်။ ခရစ်တော်၏ဘဝလမ်းစဥ်သည် လွယ်ကူသည့် လမ်းစဥ်မဟုတ်သော်လည်းကျေးဇူးတော်ပါလျှင် ဖြတ်ကျော်နိုင်သည့်လမ်းစဥ်ဖြစ်ပါသည်။ မိမိ၏ချစ်သူအနားတွင် နေရချိန်တွင် အနှိုင်းမဲ့သောပျော်ရွင်ကြည်နှုးမှုခံစားသကဲ့သို့ခရစ်တော်ရှင်၏အနားမှာနေရလျင် လူ့လောကချစ်သူ ထက် ပိုမိုသာယာသော ကြည်နှုးချစ်ခြင်းမျိုးခံရမည်အမှန်ဖြစ်ပါသည်။ ဘုရားရှင်ကို ရက်ရောစွာ အစေခံအမှုပြုကြစို့။