Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-09-18 23:19:44

24th Week in Ordinary Time Friday

Luke 8:1 - 3

Reflection by Sr. Raymonda Hla, ZSLF

Posted by Sr. Maria Ni Ni, MSP

 

သတင်းကောင်းဝေမျှစို့

ဘုရားရှင်ထံတော်မှ ကျေးဇူးတော်များ နေ့စဥ်နေ့တိုင်း လက်ခံရရှိသည့်အတွက် ကိုယ်တော်ကို ကျေးဇူးဆပ်တင်လျက် ထိုကျေးဇူးတော်များကို တစ်ပါးသူထံဝေမျှရမည်။အချင်းချင်းချစ်ခြင်းမေတ္တာပြသခြင်း၊ ဖေးမကူညီခြင်း၊ သူတစ်ပါး၏အခက်ခဲများကို စာနာစိတ်ဖြင့်နားထောင်ခြင်း၊ သူတစ်ပါး၏လိုအပ်ချက်များ ပေးကမ်းလှူဒါန်း ဖြည့်ဆီးပေးခြင်း၊ သူတစ်ပါး၏ငိုကြွေးသံကို နှစ်သိမ့်မှုပေးခြင်း၊ စိတ်၊ ကာယ၊ ဝိညာဥ်အနာများကို ကုသပေးခြင်းဖြင့် ခရစ်တော်၏ သတင်းကောင်းကိုဝေမျှရမည်။
ကျမ်းစာထဲမှာ ကိုယ်တော်ရှင် ဧဝံဂေလိသတင်းကောင်းဟောကြားချိန်တွင် တပည့်တော်များနှင့်အခြားအမျိုးသမီးမျာအစေခံအမှုဖြင့် လိုက်ပါလာကြသည်။ သူတို့သည်အစေခံအမှု ပြုခြင်းဖြင့် ဘုရား၏လူမျိုးတော်ကိုအလုပ်အကျွေးပြုကြသည်။ လူတိုင်း၊မိမိတို့သည် ဘုရားရှင်ထံမှရရှိသော ကျေးဇူးတော်နှင့်အညီ လုပ်ဆောင်ခြင်းဖြင့် သတင်းကောင်းကိုဝေမျှရန် တာဝန်ရှိပါသည်။ နေ့စဥ်ကောင်းမွန်သော ကျင့်စဥ်များ ပြုလုပ်ခြင်းအားဖြင့် ဘုရားရှင်ကို ချစ်ကြောင်း သက်သေခံကြပါစို့။

 
Daily Reflection