Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-09-05 03:43:14

22nd Week in Ordinary Time, Saturday Luke 6: 1- 6

Reflection by Sr. Christine Judith, ZSLF

Posted by Sr. Maria Ni Ni, MSP

ဓမ္မဟောင်းကျမ်းဟာ သစ်ပင်တစ်ပင်ဆိုလျှင် ခရစ်တော်ဘုရားရှင်ဟာ ထိုသစ်ပင်ရဲ့ အသီးအပွင့်ဆိုရပါမယ်။ ဓမ္မဟောင်းကျမ်းဟာ ပုစ္ဆာတစ်ပုဒ်ဆိုလျှင် ခရစ်တော်ဘုရားရှင်ဟာ ထိုပုစ္ဆာရဲ့အဖြေမှန် လို့ဆိုနိုင်ပါတယ်။ ဒီကနေ့ကျမ်းစာတော်မြတ်မှာ ကိုယ်တော်က လူသားသည် ဥပုသ်နေ့၏ အရှင်သခင်ဖြစ်သည် ဟု မိန့်တော်မူပါတယ်။ ဥပုသ်နေ့ရဲ့ အနက်အဓိပ္ပါယ်ကို ခရစ်တော်ဘုရားရှင်က သွန်သင်လမ်းညွှန်ပိုင်ခွင့်နဲ့ အနက်အဓိပ္ပါယ်ကို လမ်းညွှန်နိုင်စွမ်းရှိတယ်ဆိုတာကို မီးမောင်း ထိုးပြနေတာ ဖြစ်တယ်။ ဥပုသ်နေ့ဟာ ဘုရားအတွက် အနားယူရတဲ့နေ့၊ ဘုရားပေးတဲ့လက်ဆောင်မွန်ဖြစ်တယ်၊ ဘုရားအတွက်အချိန်ပေးပြီး လူတွေအတွက် ကောင်းကြီးမင်္ဂလာရရှိစေခြင်း၊ မိမိအတွက် လူတွေအတွက် သူတစ်ပါး အတွက် ဆုတောင်းပေးခြင်း၊ ပိုမို၍ ဆုတောင်းခြင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေရန် စောင့်ထိန်ခြင်း၊ မေတ္တာတရားပိုမိုထားရှိခြင်း၊ အပြစ်အနာဆာအတွက် ခွင့်လွတ်ချမ်းသာ ထားရှိခြင်း၊ ပြစ်တင်ဝေဖန်ခြင်းကို ရှောင်ရှားနိုင်ရန် ကြိုးစားခြင်း၊ သနားကရုဏာဖြင့် နားလည်ခွင့်လွတ်ရန် ပိုမိုကြိုးစားအားထုတ်ခြင်းစတဲ့ ကောင်းကျိုး မင်္ဂလာမြတ်တွေပွားနိုင်ရန် ခရစ်တော်ဘုရားရှင်ရဲ့ဘဝအသက်တာနဲ့ လမ်းညွှန်ပြသနေ တာကို ကျွန်ပ်တို့တွေ့မြင်နိုင်ပါတယ်။ အဓိပ္ပါယ်ရှိရှိ၊ အကျိုးရှိရှိ ဥပုသ်နေ့ကို စောင့်ထိန်းရင်း ကြိုးစားကြရအောင်၊ ပိုမို၍ ကျေးဇူးတော် တောင်းခံသွားကြပါစို့။

 

Daily Reflection