Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-07-29 03:07:22
Seventeenth Week of Ordinary Time, Wednesday

Matthew 13: 44 -46

Reflection by Fr. Paschal Thikoshin, SDB

Posted by Sr. Maria Ni Ni

 

 

ဇူလိုင်လ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့

လူတိုင်းမှာမိမိတန်ဖိုးထားသော အရာတစ်စုံတစ်ခုရှိ၏။ ကျွနုပ်တို့အတွက် တန်ဖိုးကြီးသောပုလဲရတနာသည် ဘုရားသခင်စေခိုင်းသော သာသနာအမှုလား။ အဖွဲ့အစည်းလား။ မိသားစု သို့မဟုတ် မိမိချစ်မြတ်နိုးရသူများလား။ မိမိတန်ဖိုးထားသော အရာသည် မိမိ၏ ရတနာ။ ထိုရတနာကို ပိုင်ဆိုင်ရခြင်းသည် မပြောပြနိုင်သော ပျော်ရွှင်ခြင်းတစ်ခုပင်။ ပျော်ရွှင်ရခြင်းပင်လျှင် အဖိုးမဖြတ်နိုင်သော ရတနာ။ ထိုရတနာကို ပိုင်ဆိုင်ရန် မည်သည့်အရာနှင့်မဆို လဲလှယ်နိုင်၏။ ပျော်ရွှင်ဝမ်းမြောက်ခြင်းသည် ကျန်အရာများကို မေ့လျော့၍ တစ်စုံတစ်ခုကိုသာ အာရုံစိုက်စေ၏။ တပည့်တော်များအတွက် ထိုတစ်စုံတစ်ခုမှာ ခရစ်တော်၏ နောက်သို့ လိုက်လျှောက်ခြင်းပင်။ ခရစ်တော်အတွက် ထိုတစ်စုံတစ်ခုမှာ ကောင်းကင်နိုင်ငံတော်တည်ဆောက်ခြင်းပင်။ ကျွနုပ်တို့အတွက် ထိုတစ်စုံတစ်ခုသည် ဘုရားသခင်ပေးသော သာသနာလုပ်ငန်းပင်ဖြစ်သည်။ ဤအမှုကို ရှိသမျှခွန်အားနှင့် ပျော်ရွှင်စွာ ထမ်းဆောင်ခြင်းသည် ကျွနုပ်တို့အတွက် တန်ဖိုးကြီးသော ပုလဲရတနာတစ်ခုပင်။

 
Daily Reflection