Matthew 13: 24 - 30
Reflection by Fr. Paschal Thikoshin, SDB
Posted by Sr. Maria Ni Ni, MSP
ဇူလိုင် ၂၆ ရက်၊ စနေနေ့ (ရှင်ဂျော့ကင်းနှင့် ရှင်အာနားတို့ပွဲ)
မကောင်းဒုစရိုက်သည်ဘုရားသခင်နှင့်ဆန့်ကျင်ဖက်ဖြစ်၏။ ဘုရားသခင်ပြုလုပ်သောကောင်းမြတ်ခြင်း၊ မေတ္တာထားတတ်ခြင်းကို ဖျက်ဆီးသည်မှာ ဒုစရိုက်အမှုပင်ဖြစ်သည်။
ဤလောကထဲမှာကောင်းခြင်းဆိုးခြင်း၊ ကောင်းသူဆိုးသူဒွန်တွဲတည်ရှိမှုကို ပုံဥပမာဖြင့် သခင်ယေဇူးကပြသထားသည်။ အကောင်းကိုသာ ဖန်းဆင်းခဲ့သော်ငြား
မကောင်းခြင်းကလည်းအရှိန်ဟုန်ကြီးစွာဖြစ်လာခဲ့သည်။ မကောင်းခြင်းသည် ဘုရားဖန်ဆင်းခဲ့သောအရာမဟုတ်။ လူ၏အပြစ်ပြုခြင်းမှ ဝင်ရောက်လာခဲ့ခြင်းသည်ဖြစ်သည်။ အပြစ်မကောင်းခြင်းသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုသာမက လူသားထုတစ်ရပ်လုံးပါ ဖျက်ဆီးတတ်၏။ဟန်ချက်ညီညီဖြစ်တည်နေသော ဘုရားနှင့်လူသား၊
လူသားနှင့်လောကကမ္ဘာကြီးကို ဇောက်ထိုးဖြစ်အောင်ပြုနိုင်ခဲ့သူမှာ အပြစ်ဒုစရိုက်ပင်ဖြစ်သည်။ မကောင်းခြင်း၊ အပြစ်ဒုစရိုက်ကြားမှာ မိမိကိုယ်ကိုကောင်းအောင်
နေထိုင်ရင်း ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သက်သေခံနိုင်သော အသုံးတော်ခံများဖြစ်ရန် ယနေ့ခေတ်မှာ ပို၍ လိုအပ်လာနေပြီ။