Feast of St. James
Matthew 20: 20 - 28
Reflection by Fr.Paschal Thikoshin, SDB
Posted by Sr. Maria Ni Ni
ဇူလိုင် ၂၅ ရက်၊ သောကြာနေ့ (ရှင်ယာကုပ်ပွဲနေ့)
သခင်ယေဇူးအတွက် ကြီးမြတ်ခြင်းမှာ အစေခံခြင်း၌ တည်၏။ အာဏာ၊ ရာထူး၊ အရှိန်အဝါတို့ မဟုတ်။ အစေခံခြင်းသည် ကြီးမြတ်ခြင်းကို တိုင်းတာရာ အဓိကကျသော ပေတံတစ်ခုဖြစ်၏။ အထူးသဖြင့် ခေါင်းဆောင်နေရာယူထားသူတိုင်းသည် ပို၍အစေခံရမည်။ ချစ်ခြင်းမေတ္တာနှင့်စေ့ဆော်ခံရသော အစေခံခြင်းအားဖြင့် အများ၏လိုအပ်ရာ
ကောင်းကျိုးကို ဖြည့်ဆည်းရပေမည်။ ခေါင်းဆောင်ကောင်းတို့ဟူသည် မိမိဘောင်အတွင်းမှ ထွက်ကာ အများကောင်းကျိုးကို မေတ္တာနှင့်သည်ပိုးနိုင်သူဖြစ်၏။
အာဏာ၊ ရာထူးကို မက်မောသူသည် ကိုယ်ကျိုးကိုသာ စဉ်းစား၏။ အများအကျိုးကို သူ့အကျိုးဖြစ်ကာ အကျင့်ပျက်ခြစားခြင်း၊ အလွဲသုံးစားပြုခြင်းများလည်း
တဖြေးဖြေးနှင့် ဝင်ရောက်လာသည်။ ကိုယ်ကျိုးရှာလွန်းသော ခေါင်းဆောင်သည် လောကကမ္ဘာ လူသားများနှင့် လူ့ဘောင်အဖွဲ့စည်းကို သဟဇာတကျစွာ
ပေါင်းစည်းနိုင်စွမ်းမရှိပါ။အများအတွက် အစေခံသူသာလျှင် ကြီးမြတ်သော ခေါင်းဆောင်ဟု ခေါ်သည်။