Luke 20: 1-2, 11-18
By Fr. Paschal Thikoshin, SDB
Posted by Sr. Maria Ni Ni, MSP
ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့ (မာရီယား မာဒလေနား ပွဲနေ့)
ခရစ်တော်နှင့် နီးနီးကပ်ကပ်ထိတွေ့နေခဲ့ပြီး ကိုယ်တော်၏ ကယ်တင်ခြင်းမေတ္တာကို ခံစားခဲ့ရသည့် မာရီယာမာဒလေးနားသည်ခရစ်တော်အား ဆုံးရှုံးရသည့်အတွက် သည်းထန်စွာ ငိုကြွေးခဲ့သည်။ ကားစင်ပေါ်မှာအသက်စွန့်သေခြင်းကို လက်မခံနိုင်သူ မာဒလေးနားမှာ နောက်တစ်ခါ ကိုယ်တော်၏ အလောင်းတော်အား မတွေ့ရသည့်အခါ အပူပေါ်အပူဆင့်၍ ငိုကြွေးရပြန်သည်။ သင်္ချိုင်းဂူမှာ ဟာလာဟင်းလင်း။ ငိုကြွေးရသော သူ့ဝေဒနာတို့သည် သိပ်မကြာလိုက်။ ဝမ်းနည်းခြင်းမှ ဝမ်းမြောက်ခြင်းသို့ ပြောင်းခဲ့၏။ ယေဇူးဘုရားကို မြင်တွေ့ရခြင်းက သင်္ချိုင်း အတွင်း ဘာမှ မရှိခြင်း၏ အဖြေ။ ကိုယ်တော်သည် ရှင်ပြန်ခဲ့သည်။ သေခြင်းသည် အဆုံးမဟုတ်ကြောင်း ကိုယ်တော်ပြခဲ့၏။ သေခြင်းအားဖြင့် မေတ္တာကိုသာ ဖော်ကျူးခဲ့၏။ ဖြူစင်သော ကိုယ်ကျိုးစွန့်မေတ္တာတော်သည် တစ်ဖန် ပြန်၍ ရှင်ခဲ့သည်။ သေခြင်းကို အောင်၍ အသက်သစ်ကို မျှော်လင့်ချက်ပေးခဲ့၏။ မာဒလေးနားသည် ပထမဆုံး ဤမျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသူပင်။