ဇူလိုင်လ(၁၈)ရက်
(၁၅)ကြိမ်မြောက်သာမန်ကာလသီတင်းပတ်
သောကြာနေ့။
မာတေဦး ၁၂း၁-၈
Reflection by Thikoshin (SDB)
ယေဇူးဘုရားရှင်သည်ခမည်းတော်၏သနားကရုဏာကိုမြင်တွေ့စေသောသူဖြစ်၏။ကရုဏာနှင့်သနားခြင်းကိုကိုယ်တော်၏ကယ်တင်ခြင်းအမှုမှာအဓိကအဖြစ်တွေ့ရသည်။ကိုယ်တော်ပြုသမျအရာရာတိုင်းသည်ကရုဏာမေတ္တာတော်ကြောင့်စေ့ဆော်ခြင်းခံရ၏။ကရုဏာရှိခြင်းကအကောင်းကိုဆောင်းကျဉ်းပေး၏။ကရုဏာကင်းမဲ့သွားလျှင်မူလူလူချင်းရက်စက်အနိုင်ကျင့်ရန်လည်းဝန်မလေး။လောကသဘာ၀ဖန်ဆင်းခံအရာများပေါ်အမြတ်ထုတ်ရန်လည်းနှစ်ခါမစဉ်းစား။ကရုဏာသနားခြင်းသာပပျောက်သွားလျှင်လောကကြီး၌မတရားမျှတခြင်းတွေနေရာယူလာတော့မည်။ပူဇော်သက္ကရထက်ကရုဏာသနားခြင်းကို ပိုနှစ်သက်သောဘုရားသခင်သည်ယနေ့ခေတ်မှာကရုဏာသနားခြင်းကိုပြသရန်အထူးတောင်းဆိုနေသည်။