ဇူလိုင်လ(၁၆)ရက်
(၁၅)ကြိမ်မြောက်သာမန်ကာလသီတင်းပတ်ဗုဒ္ဓဟူးနေ့။
မာတေဦး ၁၁း၂၅-၂၇
Reflection by Thikoshin (SDB)
ဘုရားသခင်၏ကယ်တင်ခြင်းစီမံကိန်းနှင့်အဖခမည်းတော်အကြောင်းကိုခရစ်တော်ဖွင့်ပြ၊ပြောပြမှသာလျှင်သိရ၏။ခမည်းတော်ကသားတော်ကိုဖော်ပြ၍သားတော်ကခမည်းတော်ကညွှန်ပြ၏။အပြန်အလှန်ဖော်ပြခြင်းကိုတွေ့ရ၏။ခမည်းတော်နှင့်သားတော်ကြားကခွဲခြားမရသောပေါင်းစည်းဆက်နွယ်မှုကိုသတိပြုမိနိုင်သည်။နှစ်လွှာပေါင်းမှစွယ်တော်ရွက်ဟု ခေါ်သလို နှစ်ဦးပေါင်းမှတစ်ပါးတည်းဖြစ်သည်ကိုအထင်းသားတွေ့ရ၏။ကျွန်ုပ်တို့သည်လည်းခမည်းတော်နှင့်သားတော်ဆက်နွယ်မှုကိုဝိညာဉ်တော်အားဖြင့်သိမြင်နိုင်ပြီးထိုဆက်နွယ်မှုမှာပေါင်းစည်း၍ရသည်။မောက်မာတတ်ခြင်းထက်ပညာရှိခြင်း၊ဝါကြွားခြင်းထက်နှိမ့်ချခြင်းအားဖြင့်သုံးပါးတစ်ဆူဘုရားနှင့်ပေါင်းစည်းနိုင်သည်။ခမည်းတော်၊သားတော်၊သန်ရှင်းသောဝိညာဉ်တော်သုံးပါးတစ်ဆူဘုရားမှထွက်ပေါ်လာသောမေတ္တာတော်သည်ကျွန်ုပ်တို့အားဘုရားနှင့်နီးစပ်စေ၍စစ်မှန်သောတန်ဘိုးတရားများကိုမြင်တွေ့စေပါသည်။