ဇူလိုင်လ(၁၀)ရက်
(၁၄)ကြိမ်မြောက်သာမန်ကာလသီတင်းပတ် ကြာသပတေးနေ့။
မာတေဦး ၁၀း၇-၁၅
Reflection by Thikoshin(SDB)
ဘုရား၏နိုင်ငံတော်အကြောင်းဟောပြောသွန်သင်ရန်စေလွှတ်ခံရသည့်သာသာနာလယ်ကွင်းမှာဆောင်ရန်၊ရှောင်ရန်များကိုအသေးစိပ်မှာကြားထားသည်ကိုတွေ့ရ၏။တပည့်တော်တို့ပြီးမြောက်အောင်ထမ်းဆောင်ရမည့်လုပ်ငန်းများကိုရှင်းရှင်းလင်းလင်းချပြထားသည်။ကိုယ်တော်ရှင်ဒေသနာဟောကြားစဉ်ကပြုခဲ့သည့်အမှုများကိုတပည့်တော်တို့အားဆက်လက်ပြုလုပ်စေခြင်းဖြစ်သည်။လုပ်ငန်းကိုအတူတာဝန်ယူ၍လုပ်ဆောင်ရခြင်းကြောင့်ယေဇူးဘုရား၏အစွမ်းတန်ခိုးကိုလည်းဝေမျှပိုင်ဆိုင်ခဲ့ကြရသည်။ယနေ့အချိန်သာသနာတော်အတွင်းမှာလည်းကိုယ်တော်၏အစွမ်းတန်ခိုးတော်သည်သက်ဝင်လှုပ်ရှားလျှက်ရှိ၏။ဝိညာဉ်တော်အားဖြင့်ထိတွေ့ပြီးလူအများအတွက်လုပ်ဆောင်နိုင်ကြသည်။ဝိညာဉ်တော်၏လမ်းညွှန်အလင်းပြမှုအာဖြင့်ကျွန်ုပ်တို့သည်လည်းကောင်းကင်နိုင်ငံတော်တည်ဆောက်ခြင်းမှာပါဝင်ကြရမည်။လူနာကိုကုသနိုင်စွမ်း၊သေသူကိုရှင်ပြန်နိုင်စွမ်းကျေးဇူးတော်တန်ခိုးများကျွန်ုပ်တို့မှာရှိချင်မှရှိလိမ့်မည်။သို့သော်သေချာတာတစ်ခုပြောနိုင်သည်မှာကျွန်ုပ်တို့အားလုံးသည်ကောင်းကင်နိုင်ငံတော်အတွက်ဖိတ်ခေါ်ခဲရ၍ထူးခြားသောကျေးဇူးတော်ပိုင်ဆိုင်ထားကြသူများပင်။