ဇူလိုင်လ(၅)ရက်
(၁၃)ကြိမ်မြောက်သာမန်ကာလသီတင်းပတ် စနေနေ့။
မာတေဦး ၉း၁၄-၁၇
Reflection by သီကိုရှင်း(SDB)
အစာရှောင်ခြင်းနှင့်မရှောင်ခြင်းတို့နှစ်ခုကြားကပြသနာကိုတွေ့ရသည်။ယောဟန်၏တပည့်များကအစာရှောင်ကြသည်။ဤအကြောင်းနှင့်ပတ်သက်၍ကိုယ်တော်ကအစာရှောင်ခြင်းထက်မိမိ
မည်သူဖြစ်ကြောင်းကိုသာမိန့်ဆိုခဲ့သည်။ပိုပြီးလေးနက်သည်မှာအစာရှောင်ခြင်းထက်ကယ်တင်ရှင်ဖြစ်သည့်သတို့သားလောင်းဟူသောပုံရိပ်ကိုသူတို့အားမြင်စေခဲ့သည်။မာတေဦးအိမ်၌သခင်ယေဇူးစားသောက်ခဲ့ရသည့်အကြောင်းအရင်းမှာနောင်တရပြီးပြန်လာသူနှင့်ကျေအေးသင့်မြတ်သူကိုကြိုဆိုရန်ပြသလိုခြင်းဖြစ်သည်။ဂျူးထုံစံတိုင်းအရအစာရှောင်ခြင်းသည်ဘာသာရေးကျင့်ထုံးတစ်ခုဖြစ်သည်။၎င်းကိုချန်လှပ်ထား၍မရ။ပို၍အရေးကြီးသည်မှာအစာရှောင်ခြင်းကိုကျင့်ကြံသည်ထက်ဘုရားသခင်၏ကရုဏာသနားခြင်းကိုပြသရန်လိုသည်။ခရစ်ယာန်ဘဝအသက်တာမှာခြိုးခြံဝါရှောင်ခြင်းကိုကရုဏာသနားခြင်းနှင့်အတူကျင့်ကြံအားထုတ်ရပေမည်။