မေလ(၁၆)ရက်
ပါစကားကာလစတုတ္ထသီတင်းပတ် သောကြာနေ့။
ယောဟန် ၁၄း ၁-၆
Reflection by Sr.Christine Dah (RGS)
ယေဇူးကသင်တို့၏စိတ်နှလုံး၌စိုးရိမ်ပူပန်ခြင်းမရှိစေကြနှင့်။ဘုရားသခင်ကိုယုံကြည်ကြလော့။ငါ့ကိုလည်းယုံကြည်ကြလော့။ငါ့ခမည်းတော်၏အိမ်တော်၌အခန်းများစွာရှိ၏။ထိုသို့ မဟုတ်ခဲ့ပါလျှင် ငါ သည် သင်တို့ အတွက် နေရာပြင်ဆင် ရန် သွားမည်ဟု ပြောပါမည်လော။ငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားပြီးလျှင်တစ်ဖန်ပြန်လာ၍ငါရှိသောနေရာတွင်သင်တို့လည်းရှိစေရန်သင်တို့ကိုငါ့ထံသို့ခေါ်ဆောင်မည်။သင်တို့သည်ငါသွားမည့်လမ်းကိုသိကြ၏ဟုမိန့်တော်မူ၏။ထိုအခါသောမကသခင်ဘုရား၊မည်သည့်အရပ်သို့ကိုယ်တော်တပည့်တော်တို့မသိကြသောကြောင့်လမ်းခရီးကိုလည်းမည်ကဲ့သို့သိနိုင်ကြပါမည်နည်းဟုကိုယ်တော်အားမေးလျှောက်၏။ယေဇူးကငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြ
ထောက်ရှုချက်
စစ်ဘေးရှောင်တွေနှင့်အတူ နေထိုင်သွားလာသောအခါ လူနေမှုအမျိုးမျိုး စိတ်ဓါတ်အထွေထွေ၊ အလွာစုံသည်။ပထမအလွာကားတကယ့်ကိုမှကုန်းကောက်စရာမရှိလောက်အောင် ဒုက္ခရောက်သည်။တပါးသူစွန့်ကြဲမှသာစားရသည်။ဒုတိယအလွာကဒုက္ခအခက်အခဲ၊ဆင်းရဲမှုကြားမှာရအောင်ရှာဖွေလုပ်ကိုင်နေထိုင်စားသောက်နိုင်သည်။၎င်းသည်လူများစုဖြစ်သည်။တပါးသူကိုပေးကမ်းနိုင်အားမရှိ။တတိယအုပ်စုမှာဆင်းရဲဒုက္ခကြားမှာသမာအာဇီဝကျကျရှာဖွေလုပ်ကိုင်ရင်းပိုလျှံချမ်းသာသူလည်းရှိသည်။တောသူဌေးဆိုပါတော့လေ။လူနည်းစုလက်တဆုပ်စာမျှသာရှိမည်။လျူသင့်သလောက်ပါဝင်ကြသည်။စွန့်ကြဲနိုင်သည်။နောက်ဆုံးအုပ်စုမှာ စစ်ဘေး စစ်ဒဏ်၊ဒုက္ခကြားတွင်နိုင်ငံရေးကိုခုတုံးလုပ်ခြင်းနှ