Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-01-15 08:23:50

January 16, 1st Week of Ordinary Time, Thursday.
Mark 1:40-45
သာမန်ကာလ ပထမသီတင်းပတ် ကြာသပတေးနေ့။
မာကု ၁:၄၀-၄၅
Reflection by Fr.Tomas Zaw Lwin (OSM)




      

အနာကြီးရောဂါသည်တွေကို ဂျူးလူမျိုးတွေ ဘယ်လိုဆက်ဆံကြသလဲ။ စွန့်ပြစ်ကြသလဲ၊ ဖယ်ထားကြသလဲဆိုတာ ကျွန်ုပ်တို့ အသိပင်ဖြစ်တယ်။ဒီလို အခြေအနေမှာ ခရစ်တော်က အနာကြီးရောဂါသည်ထံ ရောက်ရှိပြီး သူ့အနာကို သွားပြီး ကုသပေးခြင်းက အဲ့ဒီလူနာအတွက် ဘယ်လောက်ထိ ခွန်အားတွေ နှစ်သိမ့်မူတွေ ရရှိစေလိမ့်မလဲ စဉ်းစားကြည့်လို့ရတယ်။ အနာကြီးရောဂါသည်က အဝေးကလူတစ်ယောက်ကို မြင်ရတာနဲ့ ရှောင်သွားရမယ်ဆိုတာ ဂျူးလူမျိုးဥပဒေ ထုံးစံပါ။ ဒါပေမဲ့ခရစ်တော်ကလူတစ်ယောက်ရဲ့ဘဝပြောင်းလဲဖို့၊ အကျိုးပြုဖို့ အတားအဆီးဖြစ်တဲ့ ထုံးတမ်းအစဉ်အလာတွေ၊ ဥပဒေတွေကို ဖယ်ရှားဖို့ ဝန်မလေးခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ခရစ်တော်က ဥပဒေထက် လူတွေကို တန်ဖိုးထားလို့ပဲဖြစ်တယ်။

Daily Reflection