Untitled Document
Untitled Document
Untitled Document
Catholic Religious Conference of Myanmar



 

စာစောင်၏ကောက်ကြောင်း..

(၂၀၀၈ - ခုနှစ်၊ ဧပြီ၊ မေ၊ ဂျွန်လ ထုတ်စာစောင်မှ ပြန်လည်ကူးယူကာ ထပ်မံစီစစ် မှတ်တမ်းတင်သည်။)

(စာစောင်၏သမိုင်းနှင့် ယနေ့လက်ရှိအချိန်ထိ ပြောင်းလဲတာဝန်ယူလာခဲ့ကြသော ကြေးစည်တာဝန်ခံ အဖွဲ့သားများ)

          ကြေးစည်စာစောင်ကို ၁၉၉၈ ခုနှစ်မှစ၍၊ မလေးရှားနိုင်ငံမှ Mr. Augustine နှင့်အဖွဲ့သည် မြန်မာနိုင်ငံကက် သလစ်သီလရှင်များအဖွဲ့ရုံးချုပ် တည်ရှိရာ၊ အမှတ်၁၁၂(က)၊ ဗိုလ်ချုပ်လမ်းရှိ CRCM တွင် Communication Course သင်တန်းပို့ချပေးခဲ့ပါသည်။ ထိုအခွင့်ကောင်းယူကာ သင်ယူဆည်းပူးခဲ့သော ပညာရပ်များအား လက်တွေ့အသုံးချရန်နှင့် သတင်းဆောင်းပါးများ အလျင်အမြန်ဆုံး စာဖတ်သူများထံ ရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့်“အသင်းတော်အတွင်းကန့်သတ်” စာစောင်တစ်ခုကို စတင်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ရာမှ ကြေးစည်စာစောင် ပေါက်ဖွားလာခဲ့သည်။ 

          (၁) ထိုအချိန်တွင် CRCM ၏ ဥက္ကဌအဖြစ် FR. Victor Benard(SDB) ထမ်းဆောင်လျှက်ရှိပြီး (CRCM) တွင်တာဝန်ထမ်းဆောင်သော Sr. Christopher (SJA) မှအဖွဲ့ဝင်များနှင့် စုပေါင်းဆွေးနွေးချက်အရ “ဆုတောင်းရာတွင် ကြေးစည်ထုခြင်းအားဖြင့် အမျှဝေသကဲ့သို့   မြင်တွေ့ကြားသိရသူအပေါင်းတို့၏ဘဝထဲသို့ ဘုရားရှင်၏သတင်း‌ကောင်းကို ရောက်ရှိစေ” ဟု ရည်ရွယ်လျက် မြန်မာ့လေ့ထုံးတမ်း နှင့်အညီ သူတော်စင်တို့အား ကိုယ်စားပြုသော၊ တစ်ခုတည်းသော  သတင်းစာစောင်ကို သတင်းကောင်း ဖြန့်ဝေခြင်း သင်္ကေတ အဖြစ် ကြေးစည်ဟု အမည်‌ ပေးခဲ့သည်။ သင်တန်းပို့ချစဥ် အကြံပြုလမ်းညွှန်ရာ မှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ကြေးစည်သတင်းစာစောင်ကို သုံးလတစ်ကြိမ် ထုတ်ဝေခဲ့ပါသည်၊ ရည်ရွယ်ချက်မှာ ရဟန်းသူတော်စင်အသင်းဂိုဏ်းများ၏ လှုပ်ရှားဆက်ကပ်မှုသတင်း၊ခေါ်တော်မူခြင်း အကြောင်း၊ အသက်ပေးနှုတ်ကပါဌ်တော်၊ ဝိညာဥ်ခွန်အားပေးဆောင်းပါး၊ ဘာသာရေး သတင်း၊ ဘုရားထံတော်ခံစားရကျေးဇူးတော် သက်သေခံ ဖြစ်ရပ်မှန်များ၊ အထွေထွေ ဗဟုသုတ၊ ဓမ္မနှင့်ရသ၊ ဆောင်းပါး၊ ကဗျာ၊ဝထ္ထုတို စသည်တို့ကို စာဖတ်ပရိတ်သတ်များ ဖတ်ရှုသိရှိစေရန်အတွက် ထုတ်ဝေရခြင်းဖြစ်သည်။ နိုင်ငံရေးနှင့် ကျန်းမာရေး အခြေအနေ အမျိုးမျိုးကြောင့် ၂၀၂၀ ခုနှစ်  စာအုပ်အတွဲ အမှတ်စဥ် (၂၃) အထိသာထုတ်ဝေခဲ့ပြီး တစ်နှစ်ခွဲ ရပ်နားထားခဲ့ရပါသည်။ သို့ပင်သော်လည်း CRCM မှ ဆွေးနွေးဆုံးဖြတ်သည့် အတိုင်း အထက်ပါ ကြေးစည်စာစောင်သတင်းများကို အလွယ်တကူလေ့လာ ဖတ်ရှုခွန်အားယူနိုင်ရန် ရည်ရွယ်လျက် CRCM Website  နှင့် ကြေးစည် Facebook ကို ၂၀၂၀ ခုနှစ်  မတ်လ၊ ရက် နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သတင်းကောင်းဝေငှလျက်ရှိပါသည်။ ဤကြေးစည်စာစောင်ကို ပထမဦးဆုံးစတင် အကောင်အထည်ဖော်သူမှာ ဒေလာဆာ ဘရာသာရ်ဂိုဏ်းမှ Bro. Lucas Kyin Thein (FSC) ဖြစ်ပြီး၊ ကြေးစည်စာစောင်၏ ဥက္ကဌအဖြစ်ဆောင်ရွက်ကာ ၎င်းနှင့်အတူ Sr. Norine (RNDM) တို့မှ ၁၉၉၉ ခုနှစ်တွင် ပိုမိုတွင်ကျယ်မှုရှိလာစေရန် အဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါသည်။

          (၂) ၂၀၀၀ ခုနှစ်တွင် Sr. Clare (FMM)သည် ကြေးစည်စာစောင်၏ ဥက္ကဌအဖြစ်လည်းကောင်း၊ Sr. Pauline (OSM) သည် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ Bro. Denis (SFX) သည် ကွန်ပြူတာ စာစီကဏ္ဍကို လည်းကောင်း၊  ဦးကျော်မြင့်သည် ဘာသာပြန် ကဏ္ဍကိုလည်းကောင်း၊ စတင်ဆောင်ရွက်ခဲ့ကြပါသည်။

          (၃) ၂၀၀၂ ခုနှစ်တွင် အဖွဲ့အသစ်ကိုထပ်မံရွေးချယ်တင်မြောက်ရာ Sr. Clare (FMM) သည် ဥက္ကဌ တာဝန်ကိုလည်းကောင်း၊ Sr. Susila (OSM) မှ ကွန်ပြူတာစာစီကဏ္ဍကိုလည်းကောင်း၊ ဦးကျော်မြင့်မှ ဘာသာပြန်တာဝန် ကိုလည်းကောင်း ထမ်းဆောင်ခဲ့ကြပါသည်။

          (၄) ၂၀၀၃ ခုနှစ်တွင် စိန့်အလွိုက်ရှက်စ်ဂိုဏ်းမှ Sr. Jane (FSAG) သည် ကြေးစည်စာစောင်၏ ဥက္ကဌ တာဝန်နှင့် Bro. Christopher (SFX) သည်ကွန်ပြူတာကဏ္ဍကို ခေတ္တတာဝန်ယူပြီး၊ Bro. Bonaventure Aye Win (SFX) မှကွန်ပြူတာကဏ္ဍကို ဆက်လက်တာဝန်ယူကာ၊ ဘာသာပြန်ကဏ္ဍကို ဦးကျော်မြင့်မှဆက်လက် တာဝန်ယူ ထမ်းဆောင်ခဲ့သည်။

          (၅) ၂၀၁၅ ခုနှစ်တွင် ဤကြေးစည်စာစောင်ကို စတင်တည်ထောင်ခဲ့သူ Bro. Lucas Kyi Thein သည် ဥက္ကဌအဖြစ်ထပ်မံ တာဝန်ယူဆောင်ရွက်ပြီး၊ Bro. Bonaventure Aye Win (SFX) မှ ကွန်ပြူတာ ကဏ္ဍကိုလည်းကောင်း၊ ဦးကျော်မြင့်သည် ဘာသာပြန်ကဏ္ဍကိုလည်းကောင်း ဆက်လက် တာဝန်ယူခဲ့ သည်။

         (၆) ၂၀၀၈ ခုနှစ်တွင် Sr. Lucy Win (SCCG) မှ ဥက္ကဌအဖြစ်တာဝန်ယူပြီး၊ Bro. Bonaventure Aye Win (SFX) မှ အထွေထွေတာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့ပါသည်။

         (၇) ၂၀၁၁ -၂၀၁၂ ခုနှစ်တွင် Sr. Rose Yee Yee Htun (RNDM) မှ ဥက္ကဌ အဖြစ်တာဝန်ယူ ထမ်းဆောင်ခဲ့သည်။

        (၂၀၁၃ ၂၀၁၅ ခုနှစ်တွင် Sr. Agnes Paitu (RGS) မှ ဥက္ကဌ အဖြစ်တာဝန်ယူ ထမ်းဆောင်ခဲ့သည်။

        (၉) ၂၀၁၆ - ၂၀၁၈ ခုနှစ်အထိSr. Denis Jatawng (SJA) မှ ဥက္ကဌ အဖြစ်တာဝန်ယူ ထမ်းဆောင်ခဲ့သည်။

        (၁၀)  ၂၀၁၉   -၂၀၂၁ ခုနှစ်အထိ Sr. Eugenie Petronilla (SFX) ဥက္ကဌ အဖြစ်တာဝန်ယူ ပြီး Sr. Mary Ann Su Latt Htwe(SFX)မှ တွဲဖက်တာဝန်ခံ အဖြစ်တာဝန်ယူ ထမ်းဆောင်ခဲ့သည်။  

          ၀၀၈ - ခုနှစ်၊ ဧပြီ၊ မေ၊ ဂျွန်လ ထုတ်စာစောင်မှ မှတ်တမ်းတင်ပြုစုခဲ့သော Sr. Lucy Win (SCCG) နှင့် Bro. Bonaventure Aye Win (SFX) တို့အားကျေးဇူတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

          ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် ကြေးစည်စာစောင်ကို နောက်ဆုံးထုတ်လုပ်ပြီး (CRCM Website ကို မတ်လ (၆) ရက်၊ ၂၀၂၀ နှင့် Kyese Facebook Page ကို ၂၀၁၉၊ နိုဝင်ဘာလ(၁၅)ရက် တွင်ဖွင့်လှစ်ကာ) online စာမျက်နှာ အဖြစ်သို့  Sr. Eugenie Petronilla (SFX) and Sr. Mary Ann Su Latt Htwe (SFX) တို့လက်ထက်တွင် စတင်ပြောင်းလဲခဲ့သည်။ စာဖတ်ပရိတ်သတ်များ အားလုံးအနေဖြင့် Online တွင်လည်း ဝင်ရောက်ဖတ်ရှု နိုင်ကြပါသည်။

 Kyese” Magazine History

The name “Kyese” began

Since 1998 the Catholic Religious Conference of Myanmar (CRCM) has been publishing “Kyese” Magazine.

Meanwhile, Mr. Augustine and his team from Asia Catholic Media Association, Malaysia conducted a course on the “Catholic Literature writing program” at CRCM, 112 (A), Bogyoke Aung San Road, Lathar Township, Yangon.

After the course, the participants decided to publish a “private circulation” in order to share, as fast as possible, church news and writings with the general readers. Thus, “Kyese” was born.

Fr. Victor Bernard (SDB) and Sr. Christorpher (SJA), then the leading team of CRCM, discussed, discerned and chose the name “Kyese”. It is a triangular brass gong struck by the Buddhists, after their prayer, to share their merits and benevolences with all hearers of its sweet sound. CRCM wished the same for all the readers and the chosen name was confirmed.

Kyese is a trimonthly magazine intended to communicate vocational and motivating stories; Gospel sharing; witnesses of believers; general knowledge and religious news, articles, poems, novels, etc., to the readers.

In 2020 March CRCM decided, to get quick access to the audience, launching the CRCMebsite and Kyese Facebook page.

After publishing No. 23 in July 2020 Kyese was forced to stop for one and a half years due to the global pandemic and national politics.

 List of Kyese pilots

1.      In 1998 Br. Lucas Kyin Thein (FSC) was the first chairperson. The next year saw Sr. Norine (RNDM) added to reinforce the publication as a team.

2.   In 2000-01 Sr. Clare (FMM) became the chairperson of Kyese together with Sr. Pauline (OSM) as a member, Br. Denis (SFX) as computer staff and U Kyaw Myint as a translator.

3.      In 2002 Sr. Clare (FMM) and U Kyaw Myint continued with their posts. Sr. Susila (OSM) served as the computer staff.

4.     The team of 2003-04 was composed of Sr. Jane (FSAG) as president, Br. Christopher (SFX) was succeeded by Br. Bonaventure Aye Win (SFX) as a computer staff and U Kyaw Myint as a translator.

5.     In 2005-07 Br. Lucas Kyin Thein (FSC), the founder of Kyese became its president again. Br. Bonaventure Aye Win (SFX) continued with the computer layout.

6.     In 2008-10 Sr. Lucy Win (SCCG) became the chairperson with Br. Bonaventure Aye Win (SFX) as the general manager.

7.      In 2011-12 Sr. Rose Ye Ye Htun (RNDM) was the chairperson.

8.     In 2013-15 Sr. Agnes Paitu (RGS) served as chairperson.

9.     In 2016-18 Sr. Denis Jatawng (SJA) headed the publication.

10. In 2019-21 Sr. Eugenie Petronella (SFX) became president with Sr. Mary Ann Su Latt Htwe (SFX) as vice president. They began to launch Kyese's Facebook page on 19 November 2019, the CRCM website on 6 March 2020, and the last issue of Kyese (hard copy) was published in July 2020. Now readers can enjoin Kyese Magazine on the online platform.

11. At present in 2022 Administrator and  Editor is Sr. Benedetta Myat Hnin Nwe (ISR).She is serving to manage both the CRCM website and Kyese Myanmar Facebook.

“Kyese” will complete the 25th anniversary of its foundation in  2023 to celebrate the Silver Jubilee. May the blessings of Jubilee be showered upon each and every one of our valuable readers and benefactors.

“Male and Female Religious who have enlivened Kyese Magazine till the Silver Jubilee from 1998 to 2023 and CRCM website since 2020”

                  ဘာသာပြန် -- Rev. Fr. Cyril Pho Cho (SJ)

 

သမိုင်းစီစစ်တည်းဖြတ်သူ---- Rev. Fr. Peter Sein Hlaing Oo

''ကြေးစည်'' နာမည်ဖြင့် စာစောင်ကိုခေါ်တွင်သည့်အကြောင်းရင်း ...

          ထိုအချိန်က (CRCM) တွင်တာဝန်ထမ်းဆောင်သော Sr. Christopher (SJA) မှအဖွဲ့ဝင်များနှင့် စုပေါင်းဆွေးနွေးချက်အရ''ဆုတောင်းရာတွင်ကြေးစည်ထုခြင်းအားဖြင့် ဘုရားရှင်၏ သတင်းကောင်းကို ဝေမျှခြင်းပြုကြသလို၊ မြင်တွေ့ကြားသိရသူအပေါင်းတို့၏ ဘဝထဲသို့ရောက်ရှိပါစေဟု ရည်ရွယ်ချက် ထားလျှက်၊ မြန်မာ့ဓလေ့ ထုံးတမ်းနှင့်အညီ သူတော်စင်တို့အား ကိုယ်စားပြုသော၊ တစ်ခုတည်းသော သတင်းစာစောင်ကို သတင်းကောင်းဝေမျှခြင်းသင်္ကေတအဖြစ် ''ကြေးစည်'' ဟုအမည်ပေးခဲ့ပါသည်။

          ကြေးစည်စာစောင်ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိရန်  ပထမဆုံးစတင်ခဲ့သူ အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ် သော Sr. Norine (RNDM) အား၊ (2019-2021) တွင် တာဝန်ယူ ထမ်းဆောင်ကြသော SFX Sisters ကြေးစည်တာဝန်ခံအဖွဲ့မှ မေးမြန်းကာ မှတ်တမ်းတင်ပါသည်။

 အယ်ဒီတာစကား ....

ချစ်လှစွာသော ကြေးစည်စာဖတ်ပရိတ်သတ် အပေါင်းတို့...

ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့် ကြေးစည်စာစောင်စတင်ခဲ့သည်မှာ ၁၉၉၈ မှစ၍ ၂၀၂၀ ခုနှစ်အထိ (၂၂) နှစ်တိုင်ခဲ့ပါသည်။ ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက်ပြောင်းလဲလာသော မီဒီယာလောကတွင် စာအုပ်စာပေများဖတ်ရှု လေ့လာသူများပြားလာသလို အွန်လိုင်းမီဒီယာတွင်လည်း ဝင်ရောက်ဖတ်ရှု လာကြပါသည်။

          မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်များအဖွဲ့ချုပ် (CRCM) မှ ဆွေးနွေးဆုံးဖြတ် ကြသည့်အတိုင်း ယနေ့တွင်လည်း ခေတ်နှင့်အညီ အွန်လိုင်းမီဒီယာများ ပွင့်လင်းလာသောအချိန် သမယ၌ အသင်းတော်အတွင်း သူတော်စင်များ၏သတင်းများ၊ လှုပ်ရှားမှုများနှင့် အသင်းဂိုဏ်းအသီးသီး ၏ ထူးခြားသောကျေးဇူးတော်များကို ယနေ့တွင်အလွယ်တကူ သိမြင် လေ့လာနိုင်ကြရန်ရည်ရွယ်လျှက် (CBCM Website) ကို မတ်လ (၆) ရက်၊ ၂၀၂၀ နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ (CBCM Website) တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် လိပ်စာမှာ www.crcm-myanmar.com ဖြစ်ပါသည်။ (CBCM Website) တွင် ကြေးစည်ကဏ္ဍကိုလည်း ထည့်သွင်းထားသည်ဖြစ်သောကြောင့် စာပေဝါသနာရှင်များ အနေနှင့် အွန်လိုင်းစာပေအားကောင်း၊ ဖြစ်မြောက်လာစေရန်အတွက် စာပေဆောင်းပါးများကိုလည်း ဆက်လက်ရေးသား ပေးပို့ကြပါရန်လည်း လှိုက်လဲစွာတောင်းခံအပ်ပါသည်။

          ကြေးစည် (Facebook) ဖေ့ဘွတ်ခ်၊ စာမျက်နှာကိုလည်း ၂၀၁၉၊ နိုဝင်ဘာလ(၁၅)ရက် နေ့တွင်စတင် ဖွင့်လှစ်ခဲ့ပါသည်။  ကြေးစည်စာစောင်ကို ဖတ်ရှုအားပေးကြသကဲ့သို့ ကြေးစည် (Facebook) ဖေ့ဘွတ်ခ်ကိုလည်း ဖတ်ရှုအားပေးလျှက် ဝိညာဉ်အဟာရ လိုအပ်နေသူများအတွက် ကူညီရိုင်းပင်းကြသောစိတ်ဖြင့် လက်ကလေးတစ်ချက် ထောက်လိုက်ရုံနှင့် နေရင်းထိုင်ရင်းကုသိုလ် တိုးပွားများပြားလာမည့် အရေးအတွက် (Like & Share) လိုက်နဲ့ရှဲများ လုပ်ဆောင် ပေးကြပါရန် လည်း တိုက်တွန်းတောင်းဆို လိုပါသည်။

ကြေးစည်စာစောင်အဖြစ်အနေမှ အစဉ်မပြတ်အားပေးဖတ်ရှုလာကြသော ပရိတ်သတ်များနှင့် ကြေးစည်စာစောင် ဖြစ်မြောက်ရန်အတွက် စာမူရေးသားပံ့ပိုးကြသော ကလောင်ရှင်များကြောင့် ကြေးစည်စာစောင်ကို လှပဝေဆာစွာ ထုတ်ဝေဖြန့်ချိနိုင်ခဲ့သည့်အတွက် ပံ့ပိုးပါဝင်ကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောကြားလိုပါသည်။

ကြေးစည်စာစောင် စတင်သည့်နေ့မှစပြီးယနေ့ထိ အပတ်တကုတ်ကြိုးစားကာ အလှည့်ကျတာဝန်ယူ လုပ်ဆောင်လာခဲ့ကြသော အသင်းဂိုဏ်းအသီးသီးမှ ညီအစ်ကိုမောင်နှမအားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။ အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ...။

      ဘုရားသခင်အားကျေးဇူးတင်ပါသည်။

***၂၀၂၂ ခုနှစ် မှ ၂၀၂၄ ခုနှစ် အထိ ကြေးစည်စာစောင်ရုံးခန်း နှင့် CRCM Website ကို ဆပ်ဖြေခြင်းသီလရှင် အသင်းဂိုဏ်းမှ Sr.Benedetta Myat Hnin Nwe (ISR) မှ ဥက္ကဌ Editor  တာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။

စစ္စတာရ်ယူဂျေနီပက်ထရိုနီးလာ (SFX)

                                                                             ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ တာဝန်ခံ စစ္စတာရ်

                                                     

***၂၀၂၃ ခုနှစ်တွင် ကြေးစည်စာစောင်ရုံးမှ စာစောင်ထုတ်‌ဝေခြင်း (၂၅)နှစ်ပြည့် ဂျူဗလီ ရောက်ရှိပြီဖြစ်သည်။

၅.၁.၂၀၂၃ နေ့ တွင် ကြေးစည်စာစောင် ထုတ်ဝေခြင်း ၂၅ နှစ်ပြည့်ဂျူဗလီကျေဇူးတင် မစ္ဆားတရားတော်မြတ်ကို CRCM ကျောင်း၌ မြန်မာပြည် ရဟန်းမင်းကြီးကိုယ်စားလှယ် မွန်ဆီညော် အန်ဒြေးယာ ဖရန်းဒယ် နှင့်အတူ ဆရာတော် မောရစ်ညွှန်ဝေ နှင့် အသင်းဂိုဏ်း အကြီးအကဲ ရဟန်းတော်များ ပါဝင်တင်ပူဇော်ပေးခဲ့ကြပါသည်။ ၂၅ နှစ်အတွင်း အယ်ဒီတာ တာဝန်ကိုထမ်းဆောင်ခဲ့ကြသော ကိုရင်သီလရှင်များ ၊ အသင်းဂိုဏ်းအကြီးအကဲများ နှင့် ဖိတ်ကြားထားသော အထူးဧည့်သည်အချို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ကြေးစည်စာစောင်ဂျူဗလီ အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ် စာမျက်နှာ ၂၂၀ ပါ Art Paper , Full color နှင့် အသင်းဂိုဏ်း ၅၁ ဂိုဏ်းသမိုင်းအကျဥ်း၊ အသင်းတော်သမိုင်းရာဇဝင် ၊ CRCM သမိုင်းအကြောင်း MIRS သမိုင်းအကြောင်း၊ သာသနာဘုန်းတော်ကြီးတစ်ပါးဖြစ်ရန် တက်လှမ်းရသည့်အဆင့်ဆင့် သမိုင်းအကြောင်း၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထု နှင့် ကာတွန်းတို့ပါဝင် ထည့်ထားသည့် သမိုင်းမှတ်တမ်း စာအုပ်တစ်အုပ်ဖြစ်ပါသည်။ Vocation Promotion အတွက်လည်းဖြစ်ပါ သည်။