Untitled Document
Untitled Document
Untitled Document
အေထြေထြ
Spiritual Conversion ဝိညာဥ်ရေးပြောင်းလဲခြင်း

 ဝိညာဥ်ရေးပြောင်းလဲခြင်း ဆိုတာက ကျွန်ုပ်တို့ ၏ အမူအကျင့်များ၊ စိတ်နေသဘောထား၊ နှုတ်စောင့်စည်းခြင်း၊ ဆိတ်ငြိမ်ခြး၊ ခံစားချက်အာရုံများ ထိန်းချုပ်ခြင်း၊ အလိုဆန္ဒများ ခြိုးခြံခြင်းတို့ကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ကိုယ်တိုင်မပြောင်းလဲပဲ တခြားလူတွေကိုပဲ ပြောင်းလဲခိုင်းလို့မရပါဘူး။ အရာရာတိုင်းကို ချစ်ခြင်းမေတ္တာ မျက်မှန်တပ်ထားပြီး ကြည့်ဖို့ လိုအပ်ပါတယ်။ အကောင်းမြင်တတ်ပြီး အကောင်းပြောတတ်ဖို့လိုအပ်သလို့ ခံယူတတ်၊ လက်ခံတတ်ပြီး နားလည်ပေးဖို့လိုပါတယ်။ အတွင်းစိတ်ဓါတ်၊ စိတ်နေသဘောထား ဝိညာဥ်ရေးအကျင့်ပြောင်းလဲဖို့ အတွက် နာကျင်ရတယ်။ဘာဖြစ်လို့လဲ ဆိုတော့ မပြောင်းချင်လို့ပါပဲ။ ပြောင်းလဲချင်ရင်နာကျင်မှုတွေ ရင်ဆိုင်ကျော်ဖြတ်နိုင်ရမယ်။ သိပ်ခက်ခဲမယ်.. မကျင့်နိုင်သေးလို့ပါပဲ။ ဒါပေမဲ့ ကြိုးစားကျင့်ယူ၊ အနစ်နာခံ၊ စွန့်လွတ်နိုင်ခဲ့ရင် စစ်မှန်သောပြောင်းလဲခြင်း ဘဝမှာအမှန်တကယ် ရရှိပါမယ်။ထွက်မြာက်ရာကျမ်း မှာ သမိုင်းဖြစ်ရပ်တွေဟာ ကျွန်ုပ်တို့တတွေရဲ့ ဘဝလွတ်မြောက် ပြောင်းလဲလာခြင်းဖြစ်တယ်။ စွန့်ခွါ၊ ချန်ထားခဲ့ရတယ်။ ဒုက္ခအခက်ခဲ ပေါင်းများစွာရင်ဆိုင်ကျော်ဖြတ်ခဲ့ရလို့ ပြောင်းလဲခြင်း ဘဝသစ်ဆီသို့ ရောက်ခဲ့ရတာဖြစ်တယ်။ ဒါကြောင့် တို့တတွေရဲ့အတ္တ၊ မာန်မာန၊ ဝါကြွားခြင်းများ၊ မနာလိုမုန်းတီးစိတ်တွေ၊ လောဘ၊ ဒေါသတွေ တဏှာရာဂစိတ်၊ မိမိတို့အလိုဆန္ဒတွေတစ်ဆင့်ပြီးတဆင့် စွန့်ခွါ၊ ဖယ်ရှားကာ ချစ်ခြင်းမေတ္တာဖြင့် ဘုရားသခင်ထံ ပြန်သွားခြင်းဟာ ပြောင်းလဲခြင်းဖြစ်စေပါတယ်။ နှိမ့်ချစွာဖြင့်ဘုရားရဲ့အချစ်ကိုချစ်တုံ့ပြန်ဖို့တော့လိုတယ်။ ဝိညာဥ်ရဲ့အတ္တအချစ်ဟာ လူတိုင်းအတွက် ကိုယ်လုပ်၍အောင်မြင်ခြင်း မဖြစ်နိုင်ပါ။ နှလုံးသားကိုသာဘုရားအတွက် ဖွင့်ထားပေးပါ။ ဘုရားကိုနေရာယူခွင့်ပြုပါ။ ဘုရားဆီသို့ ပြန်လှည့်လာခြင်းဟာ ဝိညာဥ်ရေးပြောင်းလဲလာခြင်းပါပဲ။စိတ်နှလုံးကို ဖွင့်ဟထားပြီး အမြဲဆုတောင်းမေတ္တာပြုရပါတယ်။ မိမိအချစ်မှ ဘုရားအချစ် ရယူနိုင်ဖို့ ဘုရားကို လုပ်ပိုင်ခွင့် ပြုပေးဖို့လိုပါတယ်။ ဘုရားကျေးဇူးတော်မပါရင် မရပါ။ ဘုရားကျေးဇူးတော်ဟာ မည်သူ့မှ မလုပ်တတ်ပါ။ စစ်မှန်သော ဘုရား၏ ချစ်ခြင်းကို လုပ်ယူ၍ မရပါ။ ရအောင်သာ ကျင့်ကြံနေထိုင်၊ ပြုမူရုံသာဖြစ်တယ်။ဝိညာဥ်ရေးပြောင်းလဲခြင်းရှိမှသာ ပတ်ဝန်ကျင်ကိုပြောင်းလဲစေနိုင်ပြီး လူမှုရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်း၊ ကရုဏာရေးလုပ်ငန်း နှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုတွင်ကျယ် အောင်မြင်မှု ရရှိနိုင်မယ်။အားလုံး ဝိညာဥ်ရေး ပြောင်းလဲခြင်းဘဝအသက်တာဖြင့် လူတွေအတွက်၊ ဘုရားဘုန်းဂုဏ်တော်အတွက် ဆက်လက်ဆောင်ရွက်နိုင်ကြပါစေ။

 

    Sr. Benedetta Myat Hnin Nwe, ဒက်ဇူးမယ်(ISR)

 

အေထြေထြ