Untitled Document
Untitled Document
Untitled Document
အေထြေထြ
“သူနဲ့သာဆိုရင်”
*ချစ်သမီး....
အမှုတော်ကိုထမ်းဆောင်သောအခါ စိတ်ရှည် သည်းခံပါ ၊ ခွင့်လွှတ်ပါ ၊ ရိုးသားပါ ၊ သစ္စာရှိပါ။
*ချစ်သမီး....ဘဝတစ်ကွေ့မှာ ပြသာနာမျိုးစုံနဲ့ ရင်ဆိုင်ရ‌သောအခါ မ‌ကြောက်ပါနဲ့ သင့်အနားမှာငါ အမြဲရှိနေတယ်။
*ချစ်သမီး....စိတ်ပျက်အားငယ်မှုတွေနဲ့ ကြုံတွေ့ရသောအခါ စိတ်ဓါတ်မကျပါနဲ့၊ ငါ့ရင်ခွင် သို့ ခိုဝင်ပြီး ငါ့အချစ်တွေကိုရယူပါ။
*ချစ်သမီး....
လောဘ၊ ဒေါသ ၊ မောဟတွေ မထိန်းချုပ်နိုင်သောအခါစိတ်ကိုလျှော့ပြီး အတွင်းစိတ် ငြိမ်သက်ခြင်းကို ငါ့ဆီတောင်းခံပါ။
*ချစ်သမီး.....
ဝေဖန်ကဲ့ရဲ့ပြစ်တင်မှုတွေရင်ဆိုင် ကြုံတွေ့သောအခါ စိတ်မပျက် အားမ‌လျှော့ပဲ ဇွဲရှိရှိ နဲ့ဆုတောင်းပြီး၊ ငါ့ထံခွန်အားယူပါ။
*ချစ်သမီး.....ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် “မကြောက်ပါနဲ့”
*ချစ်သမီး.....
ငါ၏ချစ်ခြင်းမေတ္တာတွေက သင့်နှလုံးသားထံသို့ စီးဆင်းပြီး ပေါင်းစပ်လိုက်သော တစ်‌နေ့မှာ နီးစပ်သောသူများကိုလည်းမိမိနှင့်အမျှ ချစ်နိုင်ပြီး နှိမ့်ချသောနှလုံးသားဖြင့် အစေခံနိုင်မှာပါ။
 ဘဝမှာ သူနဲ့သာ အတူတူ ခရီးပြုလျှင် ကြုံရလေသမျှအရာရာတိုင်း အဆင်ပြေသွားမှာပါ။
 Sr.Emma Ni Ni Kyaw,MSP  နီလာစမိုင်း                

 

Posted by* Sr.Benedetta Myat Hnin Nwe(ISR)
တည်းဖြတ်သူ - စစ္စတာရ် ဘက်နက်ဒက်တာမြတ်နှင်းနွယ်(ISR)
အေထြေထြ