Untitled Document
Untitled Document
Untitled Document
အေထြေထြ
သခင့်ရဲ့အလိုတော်

ကောင်းကင်ကြီးကဘုရားရဲ့အမိန့်ကိုနာခံပြီးအရောင်အမျိုးမျိုးပြောင်းလဲရတယ်။ပင်လယ်ပြင်ကလည်းကောင်းကင်ရဲ့အရောင်အလိုက်ပြောင်းလဲရတယ်။ တောင်တန်းတွေကဘုရားရဲ့ဘုန်းဂုဏ်တော်အတွက်အခိုင်အမာတည်ရှိရတယ်။ လေတိုက်တဲ့အခါသစ်ရွက်လေးတွေလှုပ်ရှားရတဲ့ငှက်ကဲလေးတွေကဘုရားရဲ့ဘုန်းဂုဏ်တော်ကိုသီဆိုချီးမွမ်းကြတယ်။ပန်းကလေးတွေကဘုရားရဲ့အလိုတော်ကြောင့်ဖူးပွင့်ကြရတယ်။ ကျွန်ုပ်တို့လူသားတွေလည်းပဲ ဘုရားရဲ့စကားကိုနားထောင်ရမယ်။ ကျွန်ုပ်တို့လူသားတွေဟာ ထိခိုက်လွယ်တဲ့လူ သားတွေဖြစ်တယ် ဒါပေမဲ့နာကျင်မှုတွေအခက်အခဲတွေက ကျွန်ုပ်တို့ဘဝအတွက် သင်ခန်းစာတစ်ခုဖြစ်သလို ရင့်ကျက်မှုတစ်ခုလည်းဖြစ်တယ်။ လောကအရာတွေထက် ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကို ရှာဖွေရမယ့် ကျွန်ုပ်တို့လူသားတွေက ဘုရားအတွက် ကျောက်ဆောင်လိုခိုင်မာရမယ်။ အခက်အခဲတွေ၊ နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေကို ဘုရားနဲ့အတူတူကျော်ဖြတ်ရမယ်။ နေ့ရက်တိုင်းဘုရားရဲ့ဘုန်းဂုဏ်တော်ကိုချီးမွမ်းရမယ်။ကျွန်ုပ်တို့လူသားတွေသာနေ့ရက်တိုင်းဘုရားနဲ့ ရှေ့ဆက်မယ်ဆိုရင် ဘုရားသခင်ရဲ့အလိုတော်ကြောင့် လှပစွာဖူး ပွင့်နေတဲ့ပန်းကလေးတွေလိုပဲ ဘုရားအတွက်ပူဇော်ဆက်ကပ်နိုင်မှာပဲဖြစ်တယ်။

 

Noelinemary(SV)

Posted by Sr.Benedetta Myat Hnin Nwe(ISR)

 

အေထြေထြ