Untitled Document
Untitled Document
Untitled Document
ဝတၳဳ
သံဇူဇယ်အားပို့အပ်သော မေတ္တာ

 အို . . . မွန်မြတ်သောသံဇူဇယ်၊ ကျွန်ုပ်တို့ဆင်းရဲဒုက္ခခံရာ၌ ကိုးစားရာကျေးဇူးရှင်ဖြစ်သောကြောင့် အရှင်မြတ်၏သန့်ရှင်းဖြူစင်လှသော ခင်ပွန်းကညာ၏ မစခြင်းကိုတောင်းလျှောက် ပြီးသည့်နောက် အရှင်မြတ်၏ချီးပင့် မစခြင်းကို ခံရန်အထံတော်သို့ ကျွန်ုပ်တို့ ချဉ်းကပ်လာပါသည်။ ကျွန်ုပ်တို့သည် သခင်ယေဇူး၏ အဖိုးထိုက်လှသော အသွေးတော်အားဖြင့် ဝယ်ယူသောအမွေဖြစ်ပါသည်။ အစဉ်သီလနှင့်ပြည့်စုံသော ဘုရား၏မယ်တော်ကို သန့်ရှင်းဖြူစင်သော ခင်ပွန်း၏ အချစ်ဖြင့်ချစ်ခြင်းသူငယ်တော်ယေဇူးကို အဘ၏အချစ်ဖြင့် ချစ်ခြင်းများကို ထောက်တော်မူ၍ ကြည့်ရှုစောင်မတော်မူပါ။ယေဇူးကိုယ်တော်နှင့် မယ်တော်သခင်မကို အအုပ်အထိန်း ပြုဖူးသောပညာအမြော်အမြင်နှင့်ပြည့်စုံသော ချစ်ဖွယ်လှသော အဘသံဇူဇယ်၊ ယေဇူးသခင်၏ သားစဉ်မျိုးဆက်ဖြစ်သော ကျွန်ုပ်တို့ကို အုပ်ထိန်းမစတော်မူ၍ တရားတော်၌ သင်္ကာယုံမှားခြင်း၊အကျင့်တရားဖောက်ပြန်ခြင်းများကို ကျွန်ုပ်တို့မှ ဝေးစွာပယ်ရှားတော်မူပါ။ အို ယေဇူးတန်ခိုးနှင့်ပြည့်စုံသော မိုးကောင်းကင်က ချီးပင့်မစတော်မူသော ကျေးဇူးရှင် ဤလောက၌ ထာဝရချမ်းသာအကျိုးစီးပွားကို ဖျက်ဆီးလိုသော နတ်ဆိုးရန်သူများကို ခုခံတိုက်ခိုက်နေရသည်ဖြစ်၍ သူငယ်တော်ယေဇူးကို ရှေးကာလက သေခြင်းမှ အရှင်မြတ်ကယ်တော်မူဖူးသည်နှင့်အညီ၊ ဘုရားသခင်၏ အသင်းတော်ကို ရန်သူအပေါင်းတို့၏ ဘေးမှကာကွယ်တော်မူပါ ။ ကျွန်ုပ်တို့အသီးသီးကိုလည်း ချစ်သနားစောင်မတော်မူပါ။ အရှင်မြတ်၏ ကျင့်နည်းထုံးသက်သေများကိုလိုက်၍ တရားလမ်း၌ ရိုသေစွာနေပြီးလျှင် သန့်ရှင်းသော သေခြင်းဖြင့် သေရ၍ မိုးကောင်းကင်၌ အစဉ်ထာဝရ ချမ်းသာကို ရနိုင်ရန် စောင်မသနားတော်မူပါ။အာမင်။ရွှေနှလုံးတော်၏ အဆွေတော်ဖြစ်သော အဖသံဇူဇယ်၊ကျွန်ုပ်တို့အဖို့ ငှာ ဆုတောင်းပေးတော်မူပါ။

 

စင်ကြယ်ခြင်းပါရမီကိုကျင့်ဆောက်တည်နိုင်ရန် သံဇူဇယ်ထံ ဆုတောင်းမေတ္တာ;

 

 သီလသည်တို့၏ အအုပ်အထိန်းတော်ဖြစ်သော၊အို အဘသံဇူဇယ်၊ သားတော်ယေဇူးနှင့် သခင်မမာရီးယားကို အုပ်ထိန်းကြည့်ရှုရန် အရှင်မြတ်အား ဘုရားသခင်ခန့်ထားတော်မူသည်နှင့်အညီကျွန်ုပ်တို့ကို အပြစ်ဒုစရိုက်မှကာကွယ်တော်မူ၍၊ ယေဇူးသခင်နှင့်မာရီးယားသခင်မအားဖြူစင်သော ကိုယ်စိတ်နှစ်ပါးဖြင့် အမြဲအစေခံနိုင်ရန် စောင်မ တော်မူပါ။ အာမင်။

Posted by Sr. Benedetta Myat Hnin Nwe(ISR)

ရဟႏာၱ