Untitled Document
Untitled Document
Untitled Document
ဝတၳဳ
Feast of St Josephine Bakhita (8th FEB)

St.Josephine Bakhita ၏ဘ၀အ‌ကြောင်း
ဖေဖော်ဝါရီလ(၈)ရက်နေ့သည်ကျွန်မတို့Canossian ကာနိုရှင်းဂိုဏ်းဝင်ရဟန္တာစိန့်ဂျိုစဖင်းဘာခိတာ၏ပွဲနေ့ပင်ဖြစ်ပါသည်။စိန့်ဘာခိတာဟုဆိုလိုက်လျှင်လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ဆက်စပ်မြင်ယောင်မိမည်မှာမလွဲပင်ဖြစ်သည်။ထိုကြောင့်ဘာခိတာ၏ဘဝအကြောင်းကို အနည်းငယ်မျှမိတ်ဆက်ပေးပါရစေ။ဘာခိတာကို ၁၈၆၉ခုနှစ်တွင် အာဖရိကတိုက်ရှိ ဆူဒန်မြို့၌မွေးဖွားခဲ့သည်။ဘာခိတာ(၇)နှစ်အရွယ်တွင်အာရပ်လူမျိုး (၂)ဦးက ပြန်ပေးဆွဲခဲ့သည်။၎င်းနောက်ကျွန်၀ယ်သူဌေးတစ်ဦးထံရောင်းခြခြင်းခံရသည်။ထိုမှအဆင့်ဆင့်ရောင်းချခံခဲ့ရသည်။ခန္ဓာကိုယ်ပေါ်တွင် ဓါးဖြင့်အချက်ပေါင်း(၁၁၄)ချက် ခွဲပြီးဆားသိပ်၍ကင်ခြင်းကိုလည်းခံခဲ့ရသည်။၁၈၈၂ခုနှစ်တွင် စစ်ပွဲဖြစ်ပွားခဲ့ရာအီတာလျှံလူမျိုးမစ္စတာ Calistoမိသားစုထံပြန်လည် ရောင်းစားခြင်းခံခဲ့ရသည်။(၂)နှစ်အကြာ ထိုမစ္စတာCalistoနှင့်အတူအီတာလီသို့ အတူလိုက်ပါခဲ့သည်။အီတလီရောက်သော အခါ Mr. Michieliအိမ်သို့‌ရောက်ရှိသွားပြန်သည်။ဘာခိတာ သည်ထိုအိမ်၌Mr. Michieli၏သမီးလေး ရဲ့ကလေးထိန်း လုပ်ရင်း သူတို့နှင့် အတူ နေထိုင်ခဲ့သည်။မစ္စတာ Michieliနှင့်သူ့ဇနီးသည် အာဖရိကသို့ စီးပွားရေး လုပ်ငန်းတစ်ခုဖြင့် သွားရမည်ဖြစ်သဖြင့်သမီးလေးနှင့်ဘာခိတာတို့အား Canossian Sisters များ၏ ဘုရားစကားသင်တန်းကျောင်း တစ်ခု၌အပ်ထားပြီး ခရီးဆက်ခဲ့ကြသည်။ဘာခိတာသည်၎င်းစာသင်ကျောင်း၌ ဘုရားတရားအကြောင်းနှင့် စာရေး စာဖတ် ပညာများ လေ့လာဆည်းပူးခွင့်ရရှိခဲ့သည်။တစ်နှစ်အကြာတွင် မိဘနှစ်ပါးစလုံးသည်ဘာခိတာနှင့်သူတို့၏သမီးကို အာဖရိကသို့၎င်းတို့ကောင်းစား‌ရေးအတွက် ပြန်ခေါ်ရန် ‌ရောက်ရှိလာသောအခါ ဘာခိတာသည်သူတို့နှင့် ပြန်မလိုက်ဘဲ ကက်သလစ်ဘာသာသို့ ကူးပြောင်း၀င်ရန်ဆုံးဖြတ်ပြီး ထိုကာနိုရှင်းသီလရှင်ကျောင်း၌ဆက်လက်နေရန် တောင်းခံခဲ့သည်။သူ၏ဇနီးသည်ဘာခိတာအပေါ် အမျက်ထွက်သော်လည်း အီတလီ နိုင်ငံ၏တရားဥပ‌ဒေအရ ဘာခိတာသည် လွတ်လပ်သော သူတစ်ဦး အဖြစ် အရာရှိတစ်ဦး အားဖြင့်ထောက်ခံမှုရရှိခဲ့သည်။၁၈၉၀ ခုနှစ် တွင် ဆေးကြောခြင်းခံယူခဲ့သည်။ယခုသူမသည် “ကျွန်မ”လုံး၀ မဟုတ်တော့ဘဲ ဘုရားရှင်၏သမီးတော်လေး ဖြစ်သွားခဲ့ပါပြီ။သူမသည် ခရစ်တော်ရှင် နောက်လိုက်ပြီးမိမိ၏ဘ၀တစ်ခုလုံးအား ဘုရားရှင်ထံအပ်နှံကာသူမအား ကနိုရှင်းစစ္စတာရ်တစ်ပါးဖြစ်ရန်ခေါ်နေသည်ကို နားလည်သဘောပေါက်ခဲ့သည်။ထို့ကြောင့် သူမသည်(၁၈၉၆)ခုနှစ် တွင် ကနိုရှင်းသီလရှင်အဖြစ် ပထမကတိသစ္စာ ခံယူခဲ့ပွီး စကီအို မြို့သို့ တာဝန်ကျခဲ့သည်။ ဘာခိတာသည်  ရိုးသား၊ ကြိုးစား၊နှိမ့်ချပြီး  ဘုရားကြောင်းတာဝန်၊ ချက်ပြုတ်ရေးတာဝန်၊သူနာပြုအကူတာဝန်နှင့်  တံခါးစောင့် တာဝန်  အသီးသီးကိုပျော်ရွှင်ဝမ်းမြောက်စွာပေးဆပ်အစေခံခဲ့သည်။ဘာခိတာသည်(၁၉၄၇) ခုနှစ်၊ဖဖေော်ဝါရီလ(၈)ရက်နေ့တွင် ခရစ်တော်၌ငြိမ်သက်စွာ အနားယူခဲ့ပါသည်။ဘာခိတာကိုပုပ်ရဟန်းမင်းကြီး John Paul II မှ(၁၉၉၂)ခုနှစ်တွင် Blessed အဖြစ်ပြီး၊(၂၀၀၀)ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး John Paul II က ရဟန္တာ အဖြစ်ကြေညာခဲ့သည်။ပုပ်ရဟန်းမင်းကြီး Francis က(၂၀၁၃)ခုနှစ်တွင် လူကုန်ကူးမှု ပပျောက်ရေးအတွက် အားထားရာ ရဟန္တာအဖြစ်ကြေညာခဲ့သည်။ဘာခိတာသည်ပညာလွန်စွာမတတ်ကျွမ်း သော်လည်း ရိုးရှင်းသော နှလုံးသားဖြင့် ဘုရားသခင်အားအသက်ထက်ဆုံး နှိမ့်ချစွာအစေခံခဲ့သူလည်းဖြစ်သည်။လူကုန်ကူးခံရသူများ၊ကျွန်ဘ၀၌ ပိတ်လှောင်မိနေသူများ၊ညှင်းပမ်းနှိပ်စက်ခံနေရသူများနှင့်လူကုန်ကူးမှုကြောင့် ခြိမ်းခြောက်ခံနေရသောသူများ အားလုံးအတွက်ကြောက်ရွံ့စိုးရိမ်ပူပန်မှုများကြားမှကိုယ်တော်ရှင် ကွယ်ကာတော်မူရန်စိန့်ဘာခိတာ၏ကြားဝင်ဆုပန်ပေးခြင်းအားဖြင့် ဘုရားသခင်ထံဆုတောင်းကြပါစို့။ဘာခိတာ၏ ရိုးရှင်းပြီးတန်ဖိုးရှိလှသောစကားများ“ကောင်းမွန်စွာနေထိုင်ပါ၊ဘုရားသခင်ကို ချစ်မြတ်နိုးပါ။ဘုရားတရားမရှိသေးသော သူများအတွက်ဆုတောင်းပေးပါ။”“ဘုရားသခင်ကိုသိရှိရခြင်းဟာဘယ်လောက်တောင် ကြီးမြတ်တဲ့ ကျေးဇူးတော်ဖြစ်သလဲ။”
Sr.Anita Vallence (FDCC)
Credit Photo

ရဟႏာၱ