Untitled Document
Untitled Document
Untitled Document
ဝတၳဳ
Saint Francisco De Fernández Capillas

Feast Day of Saint Francisco De Fernández Capillas..
#ဒိုမီနီကန်ရဟန္တာသူတော်သူမြတ်တို့၏ပွဲကို ကျင်းပသည့်အလျောက် ယနေ့ ဒီဇင်ဘာလ၊၁၅ ရက်နေ့သည် တရုတ်နိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်၊ ခေါင်းဖြတ်သတ်ခြင်းခံခဲ့ရသော ဒိုမီနီကန်အသင်းဂိုဏ်းဝင် ဒိုမီနီကန်သာသနာပြုဘုန်းတော်ကြီး စပိန်နိုင်ငံသား San Francisco Fernández De Capillas နှင့်အတူ၁၂၀ သော သူ၏အပေါင်းအပါဓမ္မအာဇာနည်များ၏ ပွဲနေ့မြတ်ဖြစ်သည်။San Francisco De Fernández Capillas သည် Baquerín de Campos၊ (Palencia-Spain)တွင် သြဂုတ်၁၅၊ ၁၆၀၇တွင် မွေးဖွားခဲ့သည်။ညီအစ်ကိုငါးဦးအနက် အငယ်ဆုံးဖြစ်ပြီး ကလေးဘဝကPalencia တွင်ပညာသင်ကြားခဲ့ပြီးနောက် ဒိုမီနီကန်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံကာ ပထမဆုံးသော သူ၏ခေါ်တော်မူခြင်းမျိုးစေ့ကို ရှာဖွေတွေ့ရှိခဲ့သည်။ထို့နောက်စပိန်နိုင်ငံ၊ Valladolid ရှိ San Pablo ဒိုမီနီကန်ဘုန်းတော်ကြီးကျောင်းသို့ဝင်ရောက်ခဲ့သည်။ဤနှစ်များအတွင်းတွင် အသင်းဂိုဏ်သည် ကမ္ဘာအရှေ့ဖျားနိုင်ငံများသို့ သာသနာပြုနိုင်ရန်စိတ်အားထက်သ်စွာ ကြိုးပမ်းနေချိန်ဖြစ်သည်။ဖရန်စ္စကိုသည် ဒီကင်သိက္ခာခံယူပြီး ၁၆၃၁ ခုနှစ်တွင် အခြားသော ဒိုမီနီကန်လူငယ်သုံးဆယ်နှင့်အတူ ခရီး၏ပထမအဆင့်ဖြစ်သော မက္ကဆီကိုနိုင်ငံသို့ စတင်ခဲ့သည်။ တစ်နှစ်နီးပါး အခက်အခဲ၊ ဒုက္ခများနှင့် ပြည့်နှက်နေသည့် ခရီးတစ်ခု၏ ခက်ခဲကြမ်းတမ်းသည့် အတွေ့အကြုံများကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဖီလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ရောက်ရှိခဲ့သည်။ဒီကင်ဖရန်စ္စကိုသည် အသက် ၂၅ နှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ရဟန်းသိက္ခာလက်ခံရရှိပြီး ဒိုမီနီကန်ဘုန်းတော်တစ်ပါးဖြစ်ဖြစ်လာခဲ့သည်။မနီလာမြို့တွင် ကိုးနှစ်ကြာရဟန်တစ်ပါး၏တာဝန်ကိုထမ်းဆောင်ပြီးနောက် တရုတ်နိုင်ငံသို့သာသနာပြုရန်အတွက် စေလွတ်ခြင်းခံရသည်။တရုတ်နိုင်ငံ၊ Fujian တွင် ခရစ်ယာန်များအား နှိပ်စက်ညှဉ်းပန်းမှု၊ အမျိုးမျိုးသော အဖျားရောဂါချို့တဲ့မှုများကြား၌ ဘုန်းတော်ကြီးဖရန်စ္စကိုသည် ဧဝံဂေလိတရားတော်မြတ်ဟောပြောသက်သေခံခြင်းကို မရပ်မနားလုပ်ဆောင်ခဲ့သည်။ သူ၏ကျန်းမာရေးချို့တဲ့ခဲ့သေ်လည်း သူ့၏တာဝန်ကို ဘယ်အရာကမှ တားထား၍မရပါ။ သူ့အသက်တာ၏ သမာဓိ၊စိတ်စေတနာကောင်းနှင့် ဘုရားရှင်အားသူ၏ဘဝအသက်တာ၌ ဆက်ကပ်အစေအပ်နှံခြင်းသည် ခရစ်ယာန်များပင်သူ့ကို "Saint Capillas" ဟုခေါ်ဆိုစေခဲ့သည်။ဖျားနာသူများကို ပြုစုစောင့်ရှောက်ပြီးနောက် ခိုလှုံရာသို့ပြန်သွားရာအဖမ်းခံရပြီး သူ၏ယုံကြည်ခြင်းနှင့် ယေရှုခရစ်အပေါ် ထားသည့် သူ၏ချစ်ခြင်းမေတ္တာကို ခုခံကာကွယ်ခြင်းအတွက် ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရသည်။ထောင်ထဲတွင် နှစ်လကြာ ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရပြီး၁၆၄၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ခေါင်းဖြတ်သတ်ခြင်းခံခဲ့ရသည်။သူ့ကို ၁၉၀၉ ခုနှစ်တွင် Saint Pius X မှ  Beatified ခံခဲ့ရပြီး 2000 ခုနှစ်တွင် Saint John Paul II မှ တရုတ်နိုင်ငံမှ အာဇာနည် အယောက် ၁၂၀ နှင့်အတူ ရဟန်းသာတင်မြောက်ခြင်းခံခဲ့ရသည်။သူ၏ဦးခေါင်းရုပ်ကြွင်းကို စပိန်နိုင်ငံ၊ Valladolid မြို့ရှိ San Pablo Dominican Covent တွင်ထိန်းသိမ်းထားလျက်ရှိသည်။သူ၏ယုံကြည်ခြင်းခိုင်မာမှုနှင့် ဘုရားသခင်၏အလိုတော်ကို ဘဝသက်ဆုံးအသေခံသည့်တိုင် ပေးဆပ်အစေခံခဲ့သည့် ဒိုမီနီကန်ဘုန်းတော်ကြီး စပိန်နိုင်ငံသား San Francisco Fernández De Capillas နှင့် 120 သော သူ၏အပေါင်းအပါ ဓမ္မအာဇာနည်များ၏ပွဲကို ယနေ့ကျင်းပခြင်းဖြင့် ရဟန်းသာသူတော်သူမြတ်အပေါင်းတို့၏ ကူညီစောင်မခြင်းကို တောင်းခံသွားကြပါစို့။

 
 
 
 
ရဟႏာၱ