Untitled Document
Untitled Document
Untitled Document
အေထြေထြ
#အရိုးစင်းဆုံးပုံဥပမာ

မိခင်ဝမ်းထဲက အမွှာကလေးနှစ်ယောက်စကားပြောကြတယ်။တစ်ယောက်ကစမေးတယ်။“ငါတို့မွေးဖွားပြီးလို့ အပြင်ရောက်သွားရင်အသက်ရှိဉီးမယ်ထင်လား”နောက်တစ်ယောက်ကဖြေတယ်။“ရှိမှာပေါ့။မွေးဖွားခြင်းပြီးရင် တစ်ခုခုတော့ရှိမှာသေချာတယ်။ကြည့်ရတာအဲဒီဖြစ်လာမယ့်အရာအတွက် ပြင်ဆင်ဖို့ငါတို့ ဒီမှာရောက်နေရတာဖြစ်မယ်” “အဓိပ္ပာယ်မရှိတာ။မွေးဖွားခြင်းပြီးရင်အသက်ဆိုတာရှိမှာမဟုတ်ဘူး” “အေး ငါတော့ တိတိကျကျမပြောတတ်ဘူး။ဒါပေမဲ့ မွေးဖွားခြင်းပြီးရင်ဒီထက်တော့အလင်းပိုတွေ့ရမယ်။ကိုယ့်ခြေထောက်တွေနဲ့လမ်းလျှောက်ပြီး ကိုယ့်ပါးစပ်နဲ့စားရမယ်လို့တော့ ထင်တယ်။ငါတို့အခု နားမလည်နိုင်တဲ့ တခြားအာရုံတွေလည်းရှိကောင်းရှိနိုင်တာပဲ”“မဖြစ်နိုင်တာ။ငါ့တို့ကအခုချက်ကြိုးကနေ လိုအပ်သမျှအာဟာရအထောက်အပံ့ရနေတာလေ။ဒါပေမဲ့ချက်ကြိုးက အရမ်းတိုတော့ မွေးဖွားခြင်းပြီးရင်အသက်က ရှိလာမှာမဟုတ်တော့ဘူး”“အေးငါတော့ ဒီနေရာနဲ့အပြင်မှာက မတူညီလောက်ဘူးထင်တာပဲ။ငါတို့ကမွေးဖွားခြင်းပြီးရင်ဒီချက်ကြိုးကို မလိုအပ်လောက်တော့ပါဘူး”“အထင်တွေပဲဇွတ်ပြောမနေပါနဲ့ဦး။မွေးဖွားခြင်းနဲ့အပြင်ရောက်တဲ့နေ့က ဘဝအဆုံးသတ်ခြင်းပဲဖြစ်မှာ။အပြင်မှာက  အမှောင်မိုက်နဲ့တိတ်ဆိတ်မှုတွေပဲရှိတာ”“အေးငါတော့ မသိဘူး။ဒါပေမဲ့သေချာတာကတော့ မွေးဖွားခြင်းပြီးရင် ငါတို့အမေနဲ့တွေ့ရမယ်။အမေကငါတို့ကို ဂရုစိုက်မယ်"“အမေ…ဟုတ်လား။ဘယ်က အမေလဲ။အမေရှိတယ်လို့ မင်းက ယုံတာလား။အဲဒါမှတကယ့်ရယ်စရာကောင်းတာ။ကဲအမေရှိတယ် ထားပါတော့ အခုဘယ်မှာလဲ အဲဒီအမေက”“အမေက ငါတို့ဘပတ်ဝန်းကျင်မှာရှိတယ်။ ငါတို့ကိုအမေက ဝိုင်းရံကာပေးထားတယ်။ငါတို့ကအမေထဲမှာ နေထိုင်ကြတာလေ။ အမေမရှိရင် ငါတို့ကမ္ဘာကြီးကတည်ရှိနေမှာမဟုတ်ဘူး”"အေးငါတော့ မင်းပြောတဲ့အမေကို မတွေ့မမြင်ရဘူးဆိုတော့ သူမရှိဘူးလို့ပဲ ယုတ္တိဆန်ဆန် လက်ခံထားလိုက်မယ်”“တစ်ခါတလေ တိတ်တဆိတ်နေပြီး အာရုံစိုက်နားထောင်ကြည့်ကြည့်၊အမေ့ရဲ့တည်ရှိခြင်းကိုသင်ခံစားရမယ်။အမေ့ရဲ့ချစ်စဖွယ်စကားသံတွေလည်းကြားနိုင်မယ်”တကယ်တော့ ဒီပုံပြင်လေးက ဘုရားသခင်ရဲတည်ရှိခြင်းကို အရိုးစင်းဆုံး ရှင်းပြတဲ့ပုံဥပမာလေးပါပဲ။   
#သည်းနယူး
#အရိုးစင်းဆုံးပုံဥပမာ #၁၁ ဒီဇင်ဘာ၂၀၂၂

အေထြေထြ