Untitled Document
Untitled Document
Untitled Document
အေထြေထြ
#သာသနာပြု မယ်တော်မာရီးယားသီလရှင်ဂိုဏ်း၏ မြန်မာပြည်ရောက်ရှိခြင်း (၁၂၅)နှစ်မြောက် ဂျူဗလီ၊ ရာသက်ပန်ကတိသစ္စာ၊ ငွေစင်ဂျူဗလီနှင့် ရွှေစင်ဂျူဗလီပွဲတော်

အဆိုပါအခမ်းအနားအား ၈.၁.၂၀၂၃ နံနက် ၇:၀၀နာရီတွင်ပြည်ကက်သလစ်သာသနာပိုင် ဆရာတော် Alexander Pyone Choမှကြီးမှူး၍ရပ်နီးရပ်ဝေးမှကြွရောက်ဆုတောင်းပေးကြသောရဟန်းတော်များအတူ မစ္ဆားတရားတော်မြတ်ကို စတင်ခဲ့ပါသည်။ရာသက်ပန်ကတိသစ္စာရှင်များမှာSr. Regina Yu Nandar Lwin, Sr. AnnThazin Aung တို့ဖြစ်၍၊ငွေစင်ဂျူဗလီရှင်များမှာSr.Rosy Thin Thin Aye, Sr. Mary Om Seinနှင့် ရွှေစင်ဂျူဗလီရှင်များမှာSr. Agatha Sein Mya,Sr.Marie Myint Myint Mu တို့ဖြစ်ကြပါသည်။အခမ်းအနားတွင် ဂျူဗလီရှင်များမှကတိသစ္စာပြန်လည်မွမ်းမံခြင်း၊ဂျူဗလီရှင်များနှင့် ကတိသစ္စာရှင်များ၏လောက၏အလင်းဖြစ်သည့်ခရစ်တော်ကို ကိုယ်စားပြုသော မီးထွန်းညှိထားသည့်ဖရောင်းတိုင်းကို ပေးအပ်ခံယူခြင်း၊ရာသက်ပန်ကတိသစ္စာရှင်များမှ ရာသက်ပန်အတွက် ကတိသစ္စာပြုခြင်း၊ ရာသက်ပန်ကတိသစ္စာအထိမ်းအမှတ်ဖြစ်သည့် လက်စွပ်များကို ကောင်းကြီးပေးပြီးဝတ်ဆင်ပေးခြင်း၊အသင်းဂိုဏ်း၏ဝတ်နည်းစာအုပ်အပ်နှင်းခြင်း၊ကျေးဇူးရှင် မိဘများအားဦးချကန်တော့ခြင်း၊စေလွတ်ခြင်း နှင့် ဂျူဗလီရှင်များနှင့်ကတိသစ္စာရှင်များအား ဂုဏ်ပြုကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် ဂိုဏ်းဝင်သီလရှင်များအားလုံးမှလာရောက်နှုတ်ဆက်ခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။မစ္ဆားတရားတော်မြတ်အပြီးတွင်ဂျူဗလီရှင်များနှင့်ရာသက်ပန် ကတိသစ္စာရှင်များအားလုံးကိုယ်စား စစ္စတာရ်နှစ်ပါးမှကျေးဇူးတင်စကားပြောကြားခြင်း၊မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းနှင့်ဂုဏ်ပြုနှုတ်ဆက်ခြင်းအစီအစဉ်အကျဉ်းဖြင့် အစီအစဉ်များအဆုံးသတ်ခဲ့ပါသည်။

Credit to OSC Pyay Diocese

အေထြေထြ