Untitled Document
Untitled Document
Untitled Document
အေထြေထြ
အယ်ဒီတာ၏ ကျေးဇူးတင်လွှာ

  

ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းနှင့် ခွန်အားတန်ခိုးကျေးဇူးတော်ကြောင့် ကြေးစည်စာစောင် သက်တမ်း(၂၅)နှစ်အတွင်းခံစားရရှိခဲ့သောကျေးဇူးတော်များစွာအတွက်ထာဝရဘုရားရှင်၏ဘုန်းတော်ဂုဏ်တော်ကိုချီးမွမ်းပါ၏။
              မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သူတော်စင်များအဖွဲ့ချုပ် Catholic Religious Conference of Myanmar (CRCM) Websiteနှင့်ကြေးစည်စာစောင်ရုံးတွင်(၂၀၂၂-၂၀၂၄)ခုနှစ် တာဝန်ခံ စစ္စတာရ်ဘက်နက်ဒက်တာ မြတ်နှင်းနွယ်(ISR)၊တွဲဖက်တာဝန်ခံစစ္စတာရ် ဆာဘီးနာ လှရီဝင်း(ISR) နှင့်(၂၅) နှစ်တာအတွင်း ကြေးစည်စာစောင်ကို တာဝန်ယူဆောင်ရွက်ဆက်ကပ်လုပ်အားပေးခဲ့ကြသောသစ္စာသုံးပါးခံသူတော်စင်အသင်းဂိုဏ်းဝင်ဘရာသာရ်များ၊စစ္စတာရ်များ၊ ဘာသာပြန်ဆရာသမားများနှင့်စာပေကလောင်ရှင်များ အားလုံးတို့ကိုကျေးဇူးတင်ကြောင်းနှင့်ငွေစင်ဂျူဘလီနှစ်၏ကောင်းချီးမင်္ဂလာတော်ပြည့်၀စွာခံစားရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။မြန်မာနိုင်ငံသစ္စာသုံးပါးခံကက်သလစ် သူတော်စင်အသင်းဂိုဏ်းများ၏ ကြေးစည်စာစောင် ထုတ်ဝေတည်ရှိခြင်းသည် ခရစ်တော်၏ သတင်းကောင်း ဝေမျှသက်သေခံခြင်းဖြစ်သည် ကို အားရကျေနပ်၊ ပျော်ရွှင်စွာဂုဏ်ယူ၀မ်းမြောက်မိပါတယ်။ ယခုခေတ် အခြအနေ အချိန်အခါမှာ  အခက်အ ခဲများကြားမှ ဗဟုသုတတိုးပွားစေရန်၊ယုံကြည်ခြင်းနှင့်စိတ်ဝိညာဉ်ခွန်အားဖြည့်ပေးပါသောကြေးစည်စာစောင်နှင့်CRCM-Website ၏သတင်းကောင်း‌ဝေမျှခြင်းကိုဆက်လက်တည်ရှိစေ သည့်အတွက်အထူးကျေးဇူးတင်လိုပါတယ်။စာဖတ်ပရိသတ်များအတွက် ဘ၀လမ်း ညွှန်စာစောင် လေး တစ်ခုဖြစ်ကြောင်းယုံကြည်ပါသည်။ ဤကြေးစည်စာစောင် ဂျူဘလီမဂ္ဂဇင်း ဖြစ်မြောက်‌ရေးအတွက်  ကအသီးသီးမှကူညီအားပေးခဲ့ကြသော ကျေးဇူးရှင် အလှူရှင်များ၊ သူတော်စင်အသင်းဂိုဏ်းများ၊ ဆရာတော်များ၊ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် စာမူရှင်များအားလုံးတို့ကို အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ မြန်မာပြည်ရှိ ကက်သလစ်ရဟန်းတော်များ၊ သစ္စာသုံးပါးခံသူတော်စင် များ၊ စာမူရေးသား ပို့ပေးကြပါသော ကလောင်ရှင်များနှင့်ဘာသာပြန်သူများတို့သည် စာပေဗဟုသုတများ၊အသိပညာ၊ သီလပါရမီများဖြင့် ခရစ်တော်သတင်းကောင်းကို ဆက်လက်‌ဝေမျှသက်သေခံနိုင်ကြပါစေ။အတိတ်(၂၅)နှစ်ကာလကိုအတုယူ၍ ပိုမိုကောင်းမွန်သောအနာဂတ် ကြေးစည်ထုသံ(ခရစ်တော်သတင်းကောင်း)ကိုဆက်လက်ဝေမျှကြိုးစားအားထုတ်သွားကြပါစို့ လို့ နိုးဆော်အားပေးရင်း-
            ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်၌
စစ္စတာရ်ဘက်နက်ဒက်တာ မြတ်နှင်းနွယ် (ISR)                                    
ကြေးစည်စာစောင်ရုံး နှင့် CRCMWebsite တာဝန်ခံ

အေထြေထြ