Untitled Document
Untitled Document
Untitled Document
ဝတၳဳ
# စိန့်မာဂရက် (စကော့တလန်)

မိသားစု တစ်ခုမှာ အဆင်မပြေချိန် တချို့က တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်-ရန်ရှာပြီး အခြေအနေ ပိုဆိုးစေတဲ့သူ ရှိသလို တချို့ကတော့ ပါရမီအပေါင်းနဲ့ ဘုရားကိုအားကိုး သည်းခံ ခွင့်လွှတ် အသက်ရှင်တာကြောင့် မိသားစုဝင် တစ်ယောက်ရဲ့ ပါရမီက နောက်တစ်ယောက်ကို ဆွဲဆောင် ပြောင်းလဲ စေတတ် ပါတယ်။ ကက်သလစ် အသင်းတော်မှာ အိမ်ရှင်မတွေ စံပြုသင့်တဲ့ ရဟန္တာတွေ့ထဲမှာ နိုဝင်ဘာလ (၁၆)ရက်နေ့ ပွဲ့နေ့ရှင် စိန့်မာဂရက်လည်း ပါဝင်ပါတယ်။ စကော့တလန် နိုင်ငံသူလေး စိန့်မာဂရက် Saint Margaret of Scotland (၁၀၄၆-၁၀၉၃) ကို ဟန်ဂေရီ နိုင်ငံမှာ မွေးဖွား ခဲ့ပါတယ်။ သူမရဲ့ မခင်ဟာ ဟန်‌ဂေရီ မင်းသမီး ‌အာဂါသာ Agatha of Hungary ဖြစ်တာကြောင့် နန်းတော်မှာပဲ ကြီးပြင်းလာ ခဲ့ရပါတယ်။ ဝီလီယန်ရဲ့ (နော်မန်စစ်သား)တွေက အင်္ဂလန်ကို သိမ်းပိုက်လိုက်ချိန် မာဂရက်တို့ မိသားစု စကော့တလန် တတိယမြောက် ဘုရင် မာလ်ကောမ် (၃) (Malcolm III)ဆီမှာ ထွက်ပြေး ခိုလှုံခဲ့ကြတယ်။ အရမ်းကို ချောမောလှပတဲ့ မာဂရက်ဟာ ရှင်ဘုရင် မာလ်ကောမ်နဲ့ပဲ သူမအသက် (၂၄)နှစ် အရွယ်မှာ လက်ထပ် ခဲ့ကြပါတယ်။သူတို့မှာ သားသမီး (၈)ယောက် ထွန်းကား ခဲ့ပြီး မာဂရက်ဟာ ရိုးသား ဖြောင့်မတ်ကာ ဘုရားတရား ကြည်ညိုတဲ့ စံပြ မိခင်ကောင်း ဖြစ်ခဲ့ပါတယ်။ ရှင်ဘုရင် မာလ်ကောမ်ဟာ စိတ်ထားကောင်းပေမဲ့ ကြမ်းတမ်းခက်ထန်ပြီး အမျက်ထွက်လွယ်သူ ဖြစ်တယ်။ဒါပေမဲ့ မာဂရက်ကို အရမ်းချစ် တာကြောင့် သူမစကားကိုလည်း အလေးထား နားထောင် ပေးသလို သူမကလည်း ချစ်ခြင်း၊ စိတ်ရှည်ခြင်းနဲ့ ကူညီပေးတာကြောင့် ကောင်းမွန် မြင့်မြတ်တဲ့ ရှင်ဘုရင် တစ်ပါး ဖြစ်လာခဲ့တယ်။ မိသားစု တစ်ခုမှာ ချစ်ခြင်း - သည်းခံခြင်း ပါရမီနဲ့ ရှင်သန်ရင် စိတ်နှလုံး ပြောင်းလဲမှုနဲ့ ကောင်းမွန်တဲ့ ခရစ်ယာန် မိသားစု ဖြစ်စေပါတယ်။ အဲဒါကြောင့် အိမ်တွင်းရေးရာအကြောင်း သူမကို တာဝန်ပေးပြီး တိုင်းပြည်အရေးအတွက်လည်း သူမနဲ့တိုင်ပင် လုပ်ဆောင် ခဲ့ပါတယ်။ ပျော်ရွှင်သာယာသော ခရစ်ယာန် မိသားစု ဖြစ်နိုင်ဖို့အတွက် အတုယူသင့်တဲ့ အိမ်ရှင်မ၊ မိခင်စံပြကောင်း ဖြစ်ပါတယ်။သူမဟာ တိုင်းပြည်ရဲ့ အနုပညာနဲ့ ပညာရေးအပြင် ဘာသာရေး ထွန်းကားလာအောင် ကြိုးစားပေးကာ ဘုရားကျောင်းတွေကိုလည်း တည်ဆောက်ပြီး ဝတ်ပြုခြင်းဆိုင်ရာ လိုအပ်ချက်များကို ထောက်ပံ့ကူညီ ပေးခဲ့ကြပါတယ်။ ရဟန်းတွေရဲ့ ဝိညာဉ်ရေးဆိုင်ရာ ပြန်လည် သစ်လွင်မှုကို မြှင့်တင်ပေးပြီး ဥပုသ်နေ့၊ နေ့ကြီးရက်ကြီးများ စောင့်စည်းခြင်း တာဝန် ဝတ္တရားအဖြစ် ပြုလုပ် ခဲ့ပါတယ်။ မာဂရက်ဟာ သူမ အလုပ်ရှုပ် နေတဲ့ ကြားကနေ ဆုတောင်းချိန်နဲ့ ကျမ်းစာဖတ် ထောက်ရှု ဆုတောင်းချိန်ကို ပုံမှန် လုပ်ဆောင်ခဲ့ပါတယ်။ သူမ တတ်နိုင်သမျှ မစ္ဆားတရား တော်မြတ်ကို နားယူပြီး မရှိ ဆင်းရဲသားများနဲ့ သူတောင်းစားတွေကိုလည်း အမြဲတမ်း ကူညီပေးကမ်း လှူဒါန်းတတ်သူ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတောင်းစားတွေက သူမဆီကို မကြာခဏ ရောက်လာတတ်ပြီး ဘုရင်မ မာဂရက်ထံကနေ ဘယ်တော့မှ လက်ချည်းဗလာ ပြန်မသွား ကြပါဘူး။၁ဝ၉၃-ခုနှစ်မှာ ဝီလီယန် လူဖူးစ်က သူတို့နေတဲ့ နန်းတော် ရုတ်တရက် တိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် သူမရဲ့ ခင်ပွန်း ရှင်ဘုရင် မာလ်ကောမ်နဲ့ အကြီးဆုံးသားလည်း အသတ်ခံ ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဘုရင်မ မာဂရက်ဟာ နာမကျန်း ဖြစ်ပြီး အိပ်ယာထဲ မထနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ ရှင်ဘုရင် အသတ်ခံရပြီး (၄)ရက်မြောက်မှာ သူမလည်း ပျံလွန် တော်မူ ခဲ့ပါတယ်။ သူမကိုယ်တိုင် တည်ဆောက်ထားသော ဒန်ဖါမ်လိုင်း ဘုရားကျောင်း (Church of Dunfermline) တော်ကြီးမှာ သူမရဲ့ ရုပ်ကလာပ်ကို သင်္ဂြိုလ် ခဲ့ကြပါတယ်။ ၁၂၅၀ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး အီနိုစင် (၄)က သူမကို ရဟန္တာ တင်မြှောက်ခဲ့ပြီး သူမဟာ စကော့တလန် နိုင်ငံကို စောင့်ရှောက်တဲ့ ရဟန္တာ ဖြစ်ပါတယ်။

Saint Margaret Margaret of Scotland, pray for us.
Credit Photo
✍ထန်းဟာ,SJ✍

source: FranciscanMedia.org

Photo from Catholic at Work

#StMagaretofScotland #AMDG

#SaintoftheDay

ရဟႏာၱ