Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#စိန့် ဗင်းဆင့်ဒီပေါလ်အကြောင်း #ST VINCENT DE PAUL (1581-1660)

ဘဝမှာ တစ်ခုခုကိုမိမိကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံရမှ တခြားမိမိရဲ့ အခြေအနေနဲ့ တွေ့ကြုံခံစားနေရသူတွေကို ပိုမိုစာနာနားလည်းပြီး ကရုဏာပြတတ်လာကြပါတယ်။စက်တင်ဘာလ(၂၇)ရက်နေ့ ပွဲနေ့ရှင် စိန့်ဗင်းဆင့်ဒီပေါလ် St. Vincent de Paul ဟာလည်း မြင့်မြတ်တဲ့ ရဟန်းဘဝကနေ အမှတ်မထင်ဘဲနိမ့်ကျတဲ့ ကျေးကျွန်တစ်ယောက်အဖြစ် ကျရောက်ပြီး ဆင်းရဲဒုက္ခအမျိုးမျိုးတွေ့ကြုံ ခံစားခဲ့ရတာကြောင့် နောက်ပိုင်းပြန်လွတ်မြောက်လာချိန် ဆင်းရဲသား၊နာမကျန်းသူများနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို ထိရောက်စွာ အားပေး ကူညီ ကယ်တင်ပေးတဲ့ အသင်းဂိုဏ်း တည်ထောင် အစေခံပေးရင်း ရဟန္တာ ဖြစ်လာ ခဲ့ပါတယ်။စိန့် ဗင်းဆင့်ဒီပေါလ်ကို ဆင်းရဲတဲ့ တောင်သူလယ်သမား မိသားစုမှ မွေးဖွား ခဲ့ပါတယ်။မိသားစု ဆင်းရဲပေမဲ့ ရှိတာလေးရောင်းပြီး မိဘတွေက သူ့ပညာရေးကို အားပေးခဲ့ပါတယ်။သူဟာ ဉာဏ်ရည်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး ပြင်သစ်နိုင်ငံ Acq ဒေသရှိ ဖရန်စစ္စစကင်အသင်းဂိုဏ်း ဖွင့်လှစ်ထားတဲ့ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၅၉၆ ခုနှစ် Toulouse တက္ကသိုလ်မှာ ဘုရားတရားနဲ့ ဆိုင်တဲ့ သီအိုလောဂျီ ဘာသာရပ်ကို ဆက်လက်သင်ယူပြီးနောက် သူ့အသက်(၂၀)နှစ် အရွယ်မှာရဟန်းသိက္ခာခံယူခဲ့ပါတယ်။ဘုန်းတော်ကြီး ဗင်းဆင့်ဒီပေါလ်ဟာ သာသနာ့လုပ်ငန်းတွေကို လုပ်ဆောင်ရင်း တူရကီ ပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။သူ့ကို Tunis တူးနစ်မြို့မှာ ကျေးကျွန်အဖြစ် ရောင်းစားခြင်းကို ခံခဲ့ရပါတယ်။ကျွန်အဖြစ် ရှိနေရင်း ကျေးကျွန် ပိုင်ရှင်တွေထဲက တစ်ဦးကို ခရစ်ယာန်ဘာသာထဲသို့ ကူးပြောင်းစေနိုင်ခဲ့တာကြောင့်၁၆၀၇ ခုနှစ်မှာ ကျေးကျွန် အဖြစ်ကနေလွတ်မြောက်လာခဲ့ပါတယ်။ပြင်သစ်သို့ ပြန်ရောက်ပြီး ပါရီမြို့အနီးရှိ သာသနာ့ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့ပါတယ်။သူ့ဟာ မြို့ပေါ်ကလမ်းဘေး ကလေးငယ်များနဲ့ ဆင်းရဲသားများကို သွားရောက်တွေ့ဆုံရင်း ကရုဏာတရားနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။တစ်နေ့မှာတော့ သေလုမြောပါး ဖြစ်နေတဲ့လယ်သမားတစ်ဦးရဲ့ အာပတ်ဖြေခြင်းကို နားထောင်ပေးရင်း သူ့ဘဝအတွက် အလှည့်အပြောင်း ဖြစ်လာစေခဲ့ပါတယ်။လယ်သမားတွေရဲ့ ချို့တဲ့လှတဲ့ ဘဝကိုပိုမိုသိရှိကာ ကိုယ်ချင်းစာသနားစိတ်နဲ့ ကူညီ​ဖို့ စိတ်ကူးရလာတယ်။ဒါကြောင့် နောက်ပိုင်းမှာ ဆင်းရဲသားတွေကို အားပေးကူညီ ကျွေးမွေးပြုစုရင်း သူ့ရဲ့ဘဝကို မြှုပ်နှံ လုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နှိမ့်ချခြင်းနဲ့ ဆုတောင်းခြင်းကနေ ကရုဏာလုပ်ဆောင်ဖို့ ဝိညာဉ်အာဟာရရယူခဲ့ပါတယ်။အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများကို ကူညီရဖို့၊ဖျားနာသူများကို ပြုစုစောင့်ရှောက်ဖို့နဲ့ အလုပ်လက်မဲ့ သူများအလုပ်အကိုင်များ ရှာဖွေရရှိစေဖို့ အသင်းအဖွဲ့ တည်ထောင် ကူညီပေးခဲ့ပါတယ်။သူဟာ Louise de Marillac နှင့်အတူ၊(ကရုဏာရေး)ပရဟိတသမီးတော်များအသင်းဂိုဏ်း The Congregation of the Daughters of Charity ကို တည်ထောင်ခဲ့ကြပါတယ်။ပြီးတော့ (Lazarists) လာဇာရီစ်လို့ (ခေါ်)The Congregation of Priests of Mission သာသနာပြုဘုန်းတော်ကြီးများ အသင်းဂိုဏ်းကို ဖွဲ့စည်းတည်ထောင်ပြီး ဆင်းရဲနွမ်းပါးသူများ၊ကျွန်ခံသူများနဲ့ စွန့်ပစ် လျစ်လျူရှုခံ ရသူများအတွက် အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။ စိန့်ဗင်းဆင့်ဒီပေါလ်ဟာ ဆင်းရဲသားများအတွက် ကြိုးစားလုပ်ဆောင်ရင်း သူ့အသက်(၈၀)အရွယ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။သူ့ကို ကရုဏာရေး (ပရဟိတ) လုပ်ဆောင်သူအားလုံးကို စောင့်ရှောက်သူအဖြစ် လူသိများပါတယ်။စိန့်ဗင်းဆင့်ဒီပေါလ်ကို ၁၇၂၉ Pope Benedict XIII က သူတော်မြတ်အဖြစ်တင်မြှောက်ပြီး ၁၇၃၇ ခါနှစ်မှာ Pope Clement XII က ရဟန္တာအဖြစ် တင်မြှောက်ခဲ့ပါတယ်။The most powerful weapon to conquer the devil is humility. For, as he does not know at all how to employ it, neither does he know how to defend himself from it. (SAINT VINCENT DE PAUL)“မာရ်နတ် (မကောင်းဆိုးဝါး)ကို အနိုင်ယူဖို့ အစွမ်းထက်ဆုံး လက်နက်က နှိမ့်ချခြင်း ဖြစ်ပါတယ်။ မာရ်နတ်က ဘယ်လိုနှိမ့်ချရမလဲ ဆိုတာလုံးဝ မသိတာကြောင့် နှိမ့်ချသူကိုဘယ်လို ခုခံကာကွယ်ရမယ်ဆိုတာလည်း မသိပါဘူး”လို့ စိန့်ဗင်းဆင့် မိန့်ကြားခဲ့ပါတယ်။လူတိုင်းသာ စိန့်ဗင်းဆင့်ဒီပေါလ်လို ကရုဏာစာနာစိတ်နဲ့ ဆင်းရဲချို့တဲ့နေသူများ ကြိုးစားလုပ်ဆောင်ရင် ကမ္ဘာကြီးနဲ့ လူ့အသိုင်းအဝိုင်းက လှပနေမှာဖြစ်ပါတယ်။ဒါကြောင့် စိန့်ဗင်းဆင့်ဒီပေါလ်ရဲ့ ချစ်ခြင်း၊နှိမ့်ချခြင်းနဲ့ဘုရားတရားကြည်ညိုခြင်း ပါရမီတွေကို အတုယူပြီး မိမိနေထိုင်တဲ့ မိသားစုနဲ့လူ့အသိုင်းအဝိုင်းမှာလိုအပ် ချို့တဲ့နေသူများကို စာနာသနားကရုဏာထားပြီး ကူညီရှိုင်းပင်း အတ္တကင်းအောင်ကြိုးစားကြပါစို့။ </div>
    	   
    	   </div><!-- end of dlastgenknowledgecontainer -->
    	   
    	       	   
    	    <div class= ရဟႏာၱ